မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကြီး၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ်အား KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ လာရောက်ပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကြီး၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ်အား KNLA တပ်မဟာ ()နှင့် NUG CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့မှုနှင့် ပတ်သက်၍ မန္တလေးမြို့၌ ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

နေပြည်တော်၊ အောက်တိုဘာ - ၁၄

      မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကြီး၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ်အား အခုလ(၁၂)ရက် မနက်ပိုင်းတွင် KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့ရာ ဘုရားဖူးပြည်သူ (၃) ဦး သေဆုံးခဲ့ပြီး (၁၉) ဦးထိ ခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ 

    အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြင်းထန်စွာ ရှုတ်ချကြောင်းကို ယနေ့တွင် မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့ရှိ အထက်မြန်မာပြည် မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ (မန္တလေး)မှ သံဃာတော်များနှင့် မန္တလေးမြို့နေ အကြမ်းဖက် မှုများကို မလိုလားသော ဒေသခံပြည်သူများ စုပေါင်း၍  မဟာမြတ်မုနိဘုရား၊ အောင်တော်မူဘုရားနှင့် စန္ဒာမုနိဘုရား အနီးတစ်ဝိုက်တို့တွင် “ဗုဒ္ဓဘာသာကို အကြမ်းဖက်သော အစွန်းရောက် လူသတ်ကောင်များအလိုမရှိ၊ KNLA ၊ NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ အလိုမရှိ၊ KNLA ၊ NUG ၊ CRPH အမည်ခံအကြမ်းဖက် အဖွဲ့များ၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားတို့၏ ကျိုက်ထီးရိုးဘုရားဖူး ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုလုပ်ရပ်အား ဆန့်ကျင်ကြ” စသည့် ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ အေးချမ်းစွာ ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သတင်းရရှိသည်။