တရုတ်နိုင်ငံသို့ သကြားအရည်ဖျော်၍ တင်ပို့မှု တစ်လလျှင် တန်ချိန် ၃၀၀၀ ခန့်ရှိနေ

တရုတ်နိုင်ငံသို့ သကြားအရည်ဖျော်၍ တင်ပို့မှု တစ်လလျှင် တန်ချိန် ၃၀၀၀ ခန့် ရှိနေကြောင်း  မြန်မာနိုင်ငံ  သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေး၏ပြောဆိုချက်အရ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၁၉ ခုနှစ်မှစပြီး တရုတ်နိုင်ငံမှသကြားကို လျှော့ချဝယ်ယူ လိုက်သည့်နောက်ပိုင်းတွင်  သကြားကို အရည်ဖျော်၍တင်ပို့ခွင့်ကို    လိုင်စင် လျှောက်ထားခွင့်ပြုခဲ့သည်။

သကြားကို တင်လဲရည်အဖြစ်ပြောင်းပြီး တင်ပို့တာ ပုံးအပြာရောင်နဲ့ တစ်ပီပါကို ယွမ် ၁၃၀ ဝန်းကျင်ရတယ်။  တင်လဲရည် အဖြစ်ပြောင်းလဲဖို့ အပူပေးထားတဲ့အရည် က ရက်ကြာလာရင် အေးခဲသွားတာမျိုး ပါ။  ဒီလိုဆိုရင်  ပြန်အပူပေးရတဲ့ အခက် အခဲရှိတယ်။ လိုင်စင်ကိုတော့  စီးပွားရေး နှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှာ လျှောက်တာမြန်ပါတယ်}} ဟု  မူဆယ် နယ်စပ်ရှိ   လုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် တင်လဲရည်အဖြစ် တင်ပို့ရန်အတွက်  အပူပေးရမည့်စက်ရုံလိုအပ် ခြင်း၊ ပုံမှန်မတင်ပို့နိုင်ဘဲ ကြန့်ကြာနေပါက အေးခဲသွားခြင်း၊  ဈေးနှုန်းမမှန်ကန်ဘဲ ပြောင်းလဲနေခြင်း၊  တစ်ခါတစ်ရံ  အမှာ မရှိသည့်အခါ လက်ဝယ်တွင် သောင်တင် နေခြင်း  စသည့်အခက်အခဲများကြောင့် လုပ်ငန်းရှင်များက  လုပ်ငန်းလုပ်ကိုင်ရန် တွင်ကျယ်မှုမရှိဖြစ်နေကြောင်း    သိရ သည်။

မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက  ပြည်တွင်း သကြားဈေးသတ်မှတ်မှု၊  ပြည်ပတင်ပို့မှု နှင့်    ကြံတစ်တန်ဈေးသတ်မှတ်ရာတွင် အထောက်အကူပြုစေရန်အတွက်  ပြည်တွင်းသို့  တင်သွင်းလာသောသကြား နှင့်   ပြည်ပသို့တင်ပို့ခဲ့သော  သကြား တန်ချိန် ပမာဏကိုသိရှိစေရန် ကုန်သွယ်ရေးဦးစီးဌာနထံ  စာပို့မေးမြန်းခဲ့ကြောင်း၊  ထိုစာညွှန်းအရ     ကုန်သွယ်ရေးဦးစီး ဌာန၏  စာရင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့တင်ပို့ခဲ့သော  သကြား တန်ချိန်  ၁၇၇၀၄၂   တန်ခန့်ရှိ ပြီး   ပြည်တွင်းသို့  ျွန်ငညနိ  ှကါမေ တန်ချိန် ၅၇၆၆၅  တန်ခန့်ရှိကြောင်း သိရ သည်။             

သုသု(AMIA)