စစ်တွေမြို့ရှိ လောကာနန္ဒာ စေတီတော်မြတ်ကြီး၌ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲပြုလုပ်

စစ်တွေမြို့ရှိ လောကာနန္ဒာ စေတီတော်မြတ်ကြီး၌ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၁၅

      ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော  အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ လောကာနန္ဒာ စေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ ပြည်နယ်ဩဝါဒစရိယ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိ စာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒာသိရီ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

      ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နန္ဒာရာမပရိယတ္တိစာသင် တိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် မြို့နယ် သံဃနာယကအဖွဲ့တွဲဖက် အကျိုးတော်ဆောင် စစ်တွေမြို့၊ ဒက္ခိဏရာမကျောင်းတိုက် ပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တမေဃိယ က အနုမောဒနာ ဂါထာဖတ်ကြားပြီး တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်နယ်ဩဝါဒစရိယ စစ်တွေမြို့၊ ဓမ္မသုခ ဘုန်းတော်ကြီးကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။