ချင်းပြည်နယ်၊ ဟားခါးမြို့၊ ထာရ်(၁)ရပ်ကွက်ရှိ ခရိုင်မီးသတ်ရုံးအား CDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီ

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ထာရ်()ရပ်ကွက်ရှိ ခရိုင်မီးသတ်ရုံးအား CDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ အောက်တိုဘာ - ၁၅

  အကြမ်းဖက်သမားများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် ပြည်သူ လူထု အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ လက်ပစ်ဗုံးများ၊ လက်လုပ်ဗုံးများ၊ လက်လုပ် မိုင်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များကို အသုံးပြု၍ အများပြည်သူ သွားလာလှုပ်ရှား နေသော လမ်းမကြီးများ၊ စာသင်ကျောင်းများ၊ ပြည်သူပိုင် အဆောက်အဦများ၊ အများ ပြည်သူများနှင့် သက်ဆိုင်သည့်နေရာများ၊ စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများ၊ အစိုးရရုံး၊ ဌာနများနှင့် အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီး၊ ပစ်ခတ်၊ တိုက်ခိုက် နှောင့်ယှက် ခြင်းများ ပြုလုပ်လျက်ရှိသည်။

   ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၃ နာရီခန့်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ထာရ်(၁)ရပ်ကွက်ရှိ ခရိုင်မီးသတ်ရုံးအား CDF အမည်ခံ အကြမ်းဖက်သမားများက လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ပြီး မော်တော်ယာဉ် များအား မီးရှို့ခဲ့သဖြင့် အဆိုပါအနီးတစ်ဝိုက် လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သမားများ အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ် တိုက်ခိုက် မီးရှို့ဖျက်ဆီးမှုကြောင့် မီးသတ်ရုံးအတွင်းရှိ မီးသတ်ယာဉ် ၂ စီး မီးလောင် ပျက်စီး ခဲ့ကြောင်း သိရှိရသည်။

     အဆိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့သည့် CDF အမည်ခံ အကြမ်းဖက်သမားများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူ နိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။