အကြမ်းဖက်သမားလူ့အန္ဓများကို လက်တွဲညီညီ ဖယ်ရှားရှင်းလင်းကြပါစို့
ယနေ့က မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်။
မိုးလေကင်းရှင်းကာ သာယာတဲ့ရာသီဥတုလေးနဲ့အစပြုလာတဲ့ နေ့တစ်နေ့အစမှာ စာရေးသူပင်စင်စား ကိုငယ်ညိုတစ်ယောက် ဘုရားဝတ်ပြု၊ နံနက်စာစားပြီး ဧည့်ခန်းစားပွဲပေါ်က သတင်းစာကို ကောက်ကိုင်လိုက်မိပါတယ်။ ယခင်နေ့တွေက သီတင်းကျွတ်ကာလအတွင်း မြန်မာပြည်သူ/ပြည်သားတွေ ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်တွေမှာ ကုသိုလ်ကောင်းမှုပြုလုပ်နေကြတဲ့သတင်းတွေကို မြင်ရ၊ ကြားရတော့ စာရေးသူရင်ထဲမှာ ကြည်နူးစိတ်တွေဖြစ်မိတာအမှန်ပါပဲ။
ဒီနေ့တော့ မြဝတီသတင်းစာဖတ်နေရင်း တတိယစာမျက်နှာအရောက်မှာ စာရေးသူရဲ့ လက်တွေဟာ ကိုင်ထားတဲ့သတင်းစာလွတ်ထွက်ပြုတ်ကျသွားမတတ် တုန်ယင်လာပြီး မျက်လုံးတွေပါေ၀ဝါး သွားခဲ့ပါတယ်။ မြန်မာနိုင်ငံက အသင်းအဖွဲ့များစွာရဲ့ သဘောထားထုတ်ပြန်ချက်တွေကို မျက်ဝါးထင်ထင်တွေ့လိုက်ရတဲ့အချိန်မှာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ မယုံကြည်နိုင်လောက်အောင်ဖြစ်သွားခဲ့ရတယ်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်၊ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုး ဆံတော်ရှင်မြတ်စွာဘုရား၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ်ကို KNLA တပ်မဟာ(၁)နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့လို့ ဘုရားဖူးပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုပါလား။
ဒါဟာ ခြွင်းချက်မရှိ အကြမ်းဖက်လုပ်ရပ်ပဲ ဖြစ်တယ်။ ယုတ်မာရိုင်းစိုင်းပြီး လူစိတ်ကင်းမဲ့တဲ့ အစွန်းရောက် အကြမ်းဖက် လုပ်ရပ်အဖြစ် စာရေးသူခံစားခဲ့မိပါတယ်။ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ လွတ်လပ်ခွင့် အပြည့်အဝရှိတဲ့ မြန်မာနိုင်ငံမှာ အခုလို ဘုရားဖူးပြည်သူတွေကို အကြောင်းမဲ့သက်သက် ပစ်ခတ် သတ်ဖြတ်ခြင်းဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ ယုတ်မာအောက်တန်းကျတဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်မျိုးတွေကို ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဘာသာ၊ ဘယ်လူမျိုးကမှလက်ခံမှာမဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း မြန်မာနိုင်ငံမှာရှိတဲ့ ဘာသာရေးအသင်း အဖွဲ့တွေ၊ လူမှုရေးအဖွဲ့အစည်းတွေက ချက်ချင်းဆိုသလို ကန့်ကွက်ရှုတ်ချတဲ့ သဘောထားမှတ်ချက်တွေကို ထုတ်ပြန်ခဲ့ကြတာပါ။
စာရေးသူတို့ မြန်မာလူမျိုး၊ မြန်မာတိုင်းရင်းသားတွေဟာ ဗုဒ္ဓရဲ့အဆုံးအမ အောက်မှာ လိမ္မာယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်း တစ်ခုအဖြစ် ဘိုးဘေးစဉ်ဆက် ထိန်းသိမ်းနေထိုင်ခဲ့ကြတာပါ။ လပြည့်၊ လကွယ်နေ့တွေ တိုင်းမှာ ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်တွေမှာ ဥပုသ်သီလဆောက်တည်ကြ၊ သန့်ရှင်းသာယာရေးလုပ်ကြ၊ ကုသိုလ်ယူကြနဲ့ ချစ်စရာဓလေ့တွေရှိခဲ့ကြတာပါ။ အခုဆိုရင် PDF အမည်ခံ အကြမ်းဖက်လူသတ်သမား လူ့အန္ဓတွေကြောင့် ဘုရားဖူးပြည်သူတွေရဲ့သွေးတွေမြေကျ၊ မြေခခဲ့ရပြီ။ ဘုရားဖူးပြည်သူတွေဟာ ကုသိုလ်ကောင်းမှုပြုလုပ်ချင်တဲ့စိတ်၊ အေးချမ်းစွာဘုရားဝတ်ပြုချင်တဲ့စိတ်နဲ့ ဘုရားလာဖူးကြတာပါ။ ဘာလက်နက်မှ မကိုင်ဆောင်ထားသလို ဘယ်သူ့ကိုမှလည်း ရန်မူချင်တဲ့စိတ်မရှိတဲ့ အပြစ်မဲ့ပြည်သူတွေ မဟုတ်ဘူးလားဗျာ။ ဘယ့်အတွက်ကြောင့်များ အပြစ်မဲ့ပြည်သူတွေကို ရက်စက်ယုတ်မာစွာနဲ့ ရည်ရွယ်ချက်ရှိရှိ လာရောက်သတ်ဖြတ်ရတာပါလဲ။ မဲမသမာမှုတွေကို တရားဥပဒေအတိုင်း မဖြေရှင်းခဲ့လို့ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံ့အရေးမှာ ပြည်သူလူထုကို အကြောက်တရားနဲ့ ခြိမ်းခြောက်လွှမ်းမိုးပြီး မတရားမှုတွေကို ဖုံးကွယ်ချင်လို့လား၊ ဒါမှမဟုတ် အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ပြပြီး ရရှိလာမယ့် ငွေကြေးအနည်းငယ်ကို မက်မောလို့လားဆိုတာ လူမဆန်တဲ့လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်း NUG ၊ CRPH နဲ့ လက်ဝေခံ PDF တို့ ကိုယ့်ကိုယ်ကိုယ် အသိဆုံးဖြစ်မှာပါ။ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်သေးဘူးဆိုတာတော့ သေချာပါတယ်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့၊ မနက်ပိုင်းကလည်း တန့်ကြည်တောင်ဘုရားဖူး လာတဲ့မော်တော်ယာဉ်ကို NUG၊ CRPH လက်ဝေခံ PDF အကြမ်းဖက်သမားတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဘုရားဖူးပြည်သူ ၁ ဦး အသက်သေဆုံးခဲ့ရတာကို သတင်း တွေမှာဖော်ပြထားတာ တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၆ ရက်နေ့ညနေက တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၊ တလိုင်းထိန်ရပ်ကွက်ကမ်းနားလမ်းမှာရှိတဲ့ ထားဝယ်ရိုးရာသပိတ်မျှောပွဲကျင်းပနိုင်ဖို့ပြင်ဆင်နေတဲ့ မဏ္ဍပ်နေရာကို PDF အကြမ်းဖက်အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပြန်တယ်။ ယုံကြည်ကိုးကွယ်မှု၊ ဘာသာတရားသက်ဝင်ကိုင်းရှိုင်းမှုနဲ့ရိုးရာယဉ်ကျေးမှုတွေကို ဖျက်ဆီးပြီး အကြောက်တရားနဲ့ လွှမ်းမိုးဖို့ကြိုးစားနေတဲ့ ပြည်ဖျက်တို့ရဲ့လုပ်ရပ်တွေပဲလို့ ကျုပ်တော့ ဆိုချင်မိပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ အေးချမ်းစွာမှီတင်းနေထိုင်လိုကြတဲ့ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားနေတဲ့ NUG ၊ CRPH နဲ့ PDF အမည်ခံအကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေကို နာကြည်းမုန်းတီးနေမိတဲ့ စာရေးသူလည်း ဖြစ်စဉ်တွေကို ပြန်လည်လေ့လာကြည့်မိပါတယ်။ NUG ၊ CRPH ရဲ့ လက်ဝေခံမီဒီယာတွေ၊ လော်ဘီတွေရဲ့ အစွန်းရောက်အတွေးအခေါ်ရိုက်သွင်းမှုတွေကြောင့် လက်ဝေခံ PDF တွေဟာ အကြမ်းဖက်လုပ်ရပ်တွေကို အသိတရားမဲ့စွာ ကျူးလွန်လာကြတာကို တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ယနေ့အထိ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ခဲ့လို့ ရဟန်းသံဃာတော်များ၊ ပညာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် သက်ဆိုင်ရာဝန်ထမ်းများ၊ ဒလန်စွပ်စွဲချက်နဲ့ မိသားစုလိုက်သတ်ဖြတ်မှုကြောင့် ကလေးသူငယ်များ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဟောင်းများ၊ အပြစ်မဲ့အရပ်သားများ ၃၆၆၅ ဦးသေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ သာသနာ့ အနွယ်ဝင် ရဟန်းသံဃာတော် ၅၆ ပါး၊ သီလရှင်၁ ပါးနဲ့ ကလေးသူငယ် ၈၉ ဦး ပါဝင်နေတာကိုတွေ့မိတော့ ရင်ထဲမှာဆို့နင့်နာကျင်မိရပြန်ပါတယ်။ စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာပြုလုပ်နေကြတဲ့ လုပ်ရပ်တွေပဲဖြစ်ပါတယ်။
NUG ၊CRPH ဆိုတဲ့အကြမ်းဖက်အဖွဲ့အစည်း အောက်မှာရှိပြီး ပြည်ပနိုင်ငံတချို့က ပေးတဲ့ မစို့မပို့ ငွေလေးကြောင့် အနန္တော၊ အနန္တငါးပါးကို မသိနိုင်တော့လောက်အောင် အမိုက်မှောင်ဖုံးနေတဲ့ PDF ဆိုတဲ့ အကြမ်းဖက်သမားတွေကို စာရေးသူတို့ပြည်သူတွေ စက်ဆုပ်ရွံရှာနေမိကြပါပြီ။ ကိုယ်ကမွေးတဲ့ ကိုယ့်သားသမီးအရင်းတွေမဟုတ်ပေမယ့် ကိုယ့်နိုင်ငံသား ကိုယ့်တိုင်းရင်းသားလူမျိုးတွေရဲ့ သားသမီးတွေပဲဆိုတဲ့အသိနဲ့ သည်းခံ ခွင့်လွှတ်ပြီး အမြင်မှန်တွေရစေချင်ခဲ့မိပါတယ်။ ဒါပေမဲ့ အသိစိတ်ကိုသင်းသတ်ခံလိုက်ရတဲ့ PDF အကြမ်းဖက်သမားတွေကတော့ အမြင်မှန်မရဘဲ အဝီစိကိုပဲ ဆက်ဆင်းနေကြတယ်။
တိုင်းပြည်ကို အလုံးစုံပျက်သုဉ်းစေဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတဲ့ NUG၊ CRPH အနေနဲ့ တိုင်းပြည်အေးချမ်း သာယာပြီး ပြည်သူတွေကျန်းမာပျော်ရွှင်စွာနဲ့ နေထိုင်သွားလာတာ မျိုးမြင်တွေ့ရတဲ့အခါမှာ မနာလိုမရှုဆိတ်ဖြစ်ကာ မျိုးစေ့မမှန်လို့ အပင်မသန်တဲ့ သူတို့ရဲ့လုပ်ရပ်တွေကို ကျားကန်ရပ်တည်နိုင်ဖို့အတွက် အဖျက်အမှောင့်လုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။ ဒါဟာ ပြည်သူတစ်ဦးတစ်ယောက်တိုင်းမှာရှိပြီးဖြစ်တဲ့ မွေးရာပါလူ့အခွင့်အရေးကို တားဆီးချိုးဖောက်တာပဲဖြစ်တယ်။ ဒီလိုလုပ်ရပ်တွေကို လူ့အခွင့်အရေး၊ လူ့အခွင့်အရေးလို့ တွင်တွင်အော်နေတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကလည်း ရေငုံနှုတ်ပိတ်ပြီး မသိချင်ယောင်ဆောင်နေကြပါတယ်။ စာရေးသူတို့ပြည်သူတွေဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို မထောက်ခံတဲ့အတွက် NUG ၊ CRPH နဲ့ PDF တို့က အကြောက်တရားနဲ့စိုးမိုးဖို့ လူ့အခွင့်အရေးတွေကို ချိုးဖောက်ပြီး ပြောင်ပြောင်တင်းတင်း လူသတ်နေကြတယ်။
သေသေချာချာစေ့စေ့စပ်စပ်ပြန်တွေးကြည့်ရင် အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်တာ၊ စွပ်စွဲချက်အမျိုးမျိုးကို ကိုယ်လိုရာစွဲပြောပြီး ခေါင်းစဉ်အမျိုးမျိုးတပ်ကာလူသတ်နေတာ၊ သာသနာ့အနွယ်ဝင် ရဟန်း၊ သီလရှင်တွေကို အကြောင်းမဲ့သတ်ဖြတ်တာ၊ သာသနာ့နယ်မြေတွေ၊ နိုင်ငံပိုင်အဆောက်အဦတွေ၊ ပုဂ္ဂလိကပိုင် အဆောက်အဦတွေကိုဖျက်ဆီးတာ၊ စာသင်ကျောင်းတွေကိုဖျက်ဆီးတာ အစရှိတဲ့လုပ်ရပ်တွေကို လုပ်တဲ့သူတွေဟာ ကမ္ဘာမှာအစွန်းရောက် အကြမ်းဖက်သမားတွေပဲ ရှိပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကို ကမ္ဘာ့နိုင်ငံအသီးသီးက လက်မခံကြသလိုစာရေးသူတို့ မြန်မာနိုင်ငံသားပြည်သူတွေ အနေနဲ့လည်း လုံးဝလက်မခံဘဲ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချဖို့ လိုအပ်ပါတယ်။
အကြမ်းဖက်ဝါဒပုံစံအသစ်ဖြစ်တဲ့ မြန်မာ့လူ့အဖွဲ့အစည်းပျက်သုဉ်းသွားဖို့နဲ့ စိတ်ဓာတ်ရေးရာအရ ကစဉ့်ကလျားဖြစ်သွားဖို့ (ှသခငေူ ညေိ ဏျပခ့သူသါငခေူ ီငျသမိနမ) ဆိုတဲ့လမ်းစဉ်ကို ဖော်ဆောင်လာတဲ့ ြ့ွ ရဲ့လုပ်ရပ်တွေကို စာရေးသူတို့ ပြည်သူ တစ်ရပ်လုံးက အင်တိုက်အားတိုက်ဆန့်ကျင်
တိုက်ဖျက်ကြဖို့လိုအပ်ပါတယ်။ NUG ရဲ့ အကြမ်းဖက်ဝါဒတွေ ဒေသတွင်းမပြန့်ပွားဖို့က အစိုးရနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက တားဆီးတိုက်ဖျက်ကြရမှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းက အလုံးစုံကွယ်ပျောက်သွားဖို့ ကတော့ ပြည်သူတွေကစည်းစည်းလုံးလုံးနဲ့ တိုက်ဖျက်ကြရမှာဖြစ်ပါတယ်။ ပျားရည် တစ်စက်ကြောင့် ပြည်ပျက်ဆိုတဲ့ စကားပုံလို သေးငယ်သောအမှုကို မဖြေရှင်းနိုင်လျှင် ပိုမိုကြီးထွားလာတတ်ပြီး ကြီးမားသောပျက်စီးဆုံးရှုံးမှုနှင့်ကြုံရခြင်းမျိုးမဖြစ်ရလေအောင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ NUG ၊ CRPH နဲ့ PDF တို့ကို ထိရောက်စွာ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။
သူတို့ရဲ့ အကြောင်းပြချက်တွေက ယုံကြည်ကိုးကွယ်မှုဆိုင်ရာ လွတ်လပ်ခွင့်အပြည့်အဝရှိတဲ့ နိုင်ငံတစ်ခုမှာ ရဟန်းသံဃာတွေကို သတ်ရလောက်အောင်အထိ၊ ကလေးသူငယ်တွေကို သတ်ရလောက်အောင်အထိ ကျိုးကြောင်းခိုင်လုံပါရဲ့လားလို့ ပြည်သူတွေကို စဉ်းစားသုံးသပ်ကြည့်စေချင်ပါတယ်။ NUG ၊ CRPH၊ PDF နဲ့ လက်ဝေခံလော်ဘီတွေပြောနေတဲ့ ဓမ္မနဲ့ အဓမ္မမှာ ဓမ္မဘက်ကရပ်တည်တယ်ဆိုပြီး သူတို့ရဲ့အပြောနဲ့ လုပ်ရပ်တွေက ဆန့်ကျင်ဘက်ဆီသွားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့အကျိုးစီးပွားကို ရှေးရှုလိုလားတဲ့ ဘယ်လိုလူပုဂ္ဂိုလ်၊ ဘယ်လိုအဖွဲ့အစည်းကမှ တိုင်းပြည်မတည်မငြိမ် ဖြစ်စေမယ့် အကြမ်းဖက် လုပ်ရပ်တွေကိုလုပ်မှာ မဟုတ်ဘူးဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။ စာရေးသူတို့ ပြည်သူတွေဟာ စက်ဆုပ်ရွံရှာဖွယ် အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့ NUG ၊ CRPH၊ PDFတို့ကို အစွန်းရောက်အကြမ်းဖက်သမား၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ရှုမြင်တတ်ကြဖို့လိုသလို သူတို့ရဲ့လုပ်ရပ်တွေကို လက်မခံကြဖို့လည်း လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။
ကိုငယ်ညို