ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၌ စုပေါင်းသွေးလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၌ စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၆

          ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှ ဦးဆောင်ပြုလုပ်သည့် သံဃာတော် များနှင့် လူပုဂ္ဂိလ်များ၏ ဒါနဉပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၌ ပြုလုပ်ရာ သွေးအလှူ ရှင် သံဃာတော် ၂၀ ပါးနှင့် ဒေသခံပြည်သူ ၁၃၀ ဦးတို့က သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။

          ထိုသို့ စုပေါင်းသွေးလှူဒါန်းနေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော် နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ နှင့် ဆေးဝါးများ လှူဒါန်းကြသည်။ ထို့နောက် ဒုတိယတိုင်းမှူး က ရွှေပြည်တော်သို့ ဆုံမှတ် ပရဟိတအသင်းအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။