COVID-19  ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံး အသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၈

   

တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Mask များကို ပြည်သူများ လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ နန္ဒဝင်ဈေးနှင့် အေးမြကန်သာရပ်ကွက်၊ ပြည်သူ့ဆေးရုံ လမ်းဆုံနေရာတို့၌ ဖြတ်သန်းသွားလာ လျက်ရှိသော ဒေသခံပြည်သူများအတွက် Mask  ၅၀၀၀ ခုကို တစ်ဦးချင်း၏ လက်ဝယ်အရောက်  ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အတွင်းရှိ အောင်ရတနာဈေး၊ ကမ်းနားလမ်း၊ မြေနုတံတားဆိပ်ကမ်းနှင့် အောင်ဧရာဈေးတို့၌ ဖြတ်သန်းသွား လာလျက်ရှိသော ဒေသခံပြည်သူများအတွက် Mask ၂၀၀၀ ခုကို တစ်ဦးချင်း၏ လက်ဝယ်အရောက်  အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် နယ်မြေခံ တပ်မတော်သားများက လည်းကောင်း၊ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ လောင်းကျိုးကျေးရွာရှိ   ဒေသခံပြည်သူများအတွက် Mask  ၂၀၀၀ ခုကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်ရှိ ဗုဒ္ဓကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ) အသင်းခွဲ အမှတ်(၃၀)သို့ Mask ၂၀၀၀၀ ခုကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက လည်းကောင်း၊  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှေ့ တောင်ငူ-သံတောင်ကြီး ကားလမ်းမကြီးပေါ်နှင့် တောင်ငူမြို့ နယ်၊ အင်ဒိုင်းကျေးရွာဈေး၊ ရေတာရှည်မြို့ ပြည်သူ့ဆေးရုံကြီးတို့၌ ဖြတ်သန်းသွားလာ လျက်ရှိသော ဒေသခံပြည်သူများအတွက် Mask ၂၇၀၀ ခုကို တစ်ဦးချင်း၏ လက်ဝယ်အရောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် နယ်မြေခံ တပ်မတော်သားများက လည်းကောင်း အခမဲ့ပေးဝေလှူဒါန်းခြင်းများ ဆောင်ရွက်ပေးသည်။

   

အလားတူ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဲခူးတပ်နယ်မှ တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး၊ ဗုဒ္ဓကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ)အတွက် COVID-19    ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဖြစ်သည့် Face  Mask   ၁၀၀၀၀ ခု၊ Hand  Gel  ၅၀ ဘူး၊ Surgical  Glove  ၂၀၀ ခုနှင့် Face  Shield  ၂၀၀ ခုတို့ကို ပေးအပ်လှူဒါန်းရာ     တိုင်းအဆင့်ဥက္ကဋ္ဌ ဦးလှတင်ဦးက လက်ခံရယူခဲ့သည်။

   

COVID-19  ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးတွင် အထောက်အကူဖြစ်စေရန်အတွက် အရည်အသွေး ကောင်းမွန်သည့်  Mask   များကို ပြည်သူများလက်ဝယ် အရောက် သက်ဆိုင်ရာနယ်မြေခံ တပ်မတော်သားများက အခမဲ့ဆက်လက်ဖြန့်ဝေ လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။