COVID-19  ရောဂါကုသရေးအတွင် အထောက်အကူပြု နိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၈

 

   

COVID-19  ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများနှင့် COVID-19  ရောဂါကုသရေးဌာနများအရောက် သွားရောက် လှူဒါန်းလျက်ရှိသည်။

   

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင်  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၁၆ လုံးကို  တပ်မတော် Oxygen Plant များမှ အောက်ဆီဂျင်များ ဖြည့်သွင်းပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။