တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၁၈

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ ပြုလုပ်သည်။ အဆိုပါ ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၂ သင်းနှင့် အမျိုးသမီးအသင်း ၁၂ သင်းစီဖြင့် အောက်တိုဘာ ၂၄ ရက်အထိ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

     ဦးစွာ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဖွင့်ပွဲသို့ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် က အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အမျိုးသား၊ အမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၂၀၀) နှင့် မီတာ(၈၀၀) ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ ကြကြောင်း သတင်း ရရှိသည်။