(၆၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တံခွန်စိုက်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု သေနတ်ပစ် အသင်းက တံခွန်စိုက်ဒိုင်းဆုအား ရရှိ
နေပြည်တော်၊ အောက်တိုဘာ - ၁၈
(၆၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တံခွန်စိုက်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်စက်ပစ်ကွင်း၌ ပြုလုပ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တံခွန်စိုက်ဒိုင်းဆုအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု သေနတ်ပစ် အသင်းက ရရှိသွားကြောင်း သိရှိရသည်။
အဆိုပါ (၆၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တံခွန်စိုက်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲ ဝင်အသင်းများ တက်ရောက်ကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက် ဆုရရှိကြသူများ အား တာဝန်ရှိသူများကလည်းကောင်း၊ တပ်မတော် ပစ်ခတ်စဉ်(အမျိုးသား)နှင့် အပြည်ပြည် ဆိုင်ရာ ပစ်ခတ်စဉ်တွင် ဒိုင်ဆုများရရှိသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု သေနတ်ပစ်အသင်းနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသော အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု သေနတ်ပစ်အသင်းတို့အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား တိုင်းမှူးကလည်းကောင်း တံခွန်စိုက်ဒိုင်းဆု၊ ပစ်ခတ်စဉ်ဒိုင်းဆု၊ အမှတ်တရ ဒိုင်းငယ်ဆုနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသတင်းရရှိသည်။