ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆)မြို့နယ်မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များနှင့် မိသားစုဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆)မြို့နယ်မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များနှင့် မိသားစုဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၁၈

       ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆)မြို့နယ်မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်ရှိ ဧရာဝတီခန်းမ၌ တွေ့ဆုံသည်။

    ထိုသို့ တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် ကိုဗစ်- ၁၉ အထောက်အကူပြုပစ္စည်း များပေးအပ်ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြသည်။

      ထို့နောက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်မြေခံ ဆေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံ ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိသည်။