ဧရာဝတီတိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီး ရမိမှုဖြစ်စဉ်များတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုချီးမြှင့်

ဧရာဝတီတိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီး ရမိမှုဖြစ်စဉ်များတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော်၊ အောက်တိုဘာ - ၁၉

          ဧရာဝတီတိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှု ဖြစ်စဉ်များတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုအမှာစကားများ အသီးသီး ပြောကြားကြသည်။ ထို့နောက် တိုင်းဒေသကြီးအတွင်း အကြမ်းဖက်သမားများထံမှ လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုဖြစ်စဉ်များတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့် ငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

          ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်း ပြသထားသည့် ဖမ်းဆီးရမိ လက်နက်/ခဲယမ်းများနှင့် ဆက်စပ် ပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။