တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) (အမျိုးသား၊ အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု သေနတ်ပစ် အသင်းအား ကြိုဆိုဂုဏ်ပြု
နေပြည်တော်၊ အောက်တိုဘာ - ၁၉
၂၀၂၂ ခုနှစ်၊ (၆၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) (အမျိုးသား၊ အမျိုးသမီး)သေနတ်ပစ်ပြိုင်ပွဲတွင် တံခွန် စိုက်ဒိုင်းဆုရရှိခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု သေနတ်ပစ်အသင်း အား ကြိုဆိုဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ တိုင်းခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ၂၀၂၂ ခုနှစ်၊ (၆၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) (အမျိုးသား၊ အမျိုးသမီး)သေနတ်ပစ်ပြိုင်ပွဲတွင် တံခွန် စိုက်ဒိုင်းဆုရရှိခဲ့သည့် တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု သေနတ်ပစ်အသင်းအား တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများက ရိုးရာအက၊ အလှများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုသေနတ်ပစ် အသင်းမှ တာဝန်ရှိသူမျာက တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူသည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု သေနတ်ပစ်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ၎င်းနောက် တိုင်းမှူးက တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြပြီး ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်သည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု သေနတ်ပစ်အသင်းအနေဖြင့် ၂၀၂၂ ခုနှစ်၊ (၆၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) (အမျိုးသား၊ အမျိုးသမီး)သေနတ်ပစ်ပြိုင်ပွဲတွင် အမျိုးသား စက်သေနတ်-၁ ပြိုင်ပွဲ၌ ရွှေတံဆိပ် ၂ ဆု၊ အမျိုးသား ပစ္စတိုသေနတ်ပစ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၄ ဆုနှင့် ငွေတံဆိပ် ၁ ဆု၊ အမျိုးသား လေရိုင်ဖယ်ပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ဆု၊ အမျိုးသမီး ပစ္စတိုသေနတ်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၅ ဆု၊ အမျိုးသမီး လေပစ္စတိုပစ် ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ အမျိုးသမီး ကာဘိုင်ပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ဆုတို့ ရရှိခဲ့ပြီး ပြိုင်ပွဲဝင်အသင်း ၃၄ သင်းတွင် အဆင့် ၁ ဖြင့် တံခွန်စိုက်ဒိုင်းဆုရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။