သေဆုံးသွားတဲ့ ပြည်သူတွေ၊ ဝန်ထမ်းတွေရဲ့ ရင်ခွဲစစ်ဆေးချက် အဖြေအရ လက်နက်ငယ်ဖောက်ဝင်ဒဏ်ရာကြောင့် သေဆုံးခဲ့သူ တစ်ဦးတစ်ယောက်မှမရှိဘဲ မိုင်းပေါက်ကွဲချိန်မှာ မိုင်းစထိမှန် သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ပြည်သူတွေ၊ ဝန်ထမ်းတွေရဲ့ ရင်ခွဲစစ်ဆေးချက် အဖြေအရ လက်နက်ငယ်ဖောက်ဝင်ဒဏ်ရာကြောင့် သေဆုံးခဲ့သူ တစ်ဦးတစ်ယောက်မှမရှိဘဲ မိုင်းပေါက်ကွဲချိန်မှာ မိုင်းစထိမှန် သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အင်းစိန်ဗဟို အကျဉ်းထောင်၌ ပေါက်ကွဲမှုဖြစ်ပွား၍ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းအချို့နှင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံးထိခိုက် ဒဏ်ရာရရှိမှုနှင့် စပ်လျဉ်း၍ ပြည်ဖျက်မီဒီယာအချို့၏ မဟုတ်မမှန် စွပ်စွဲချက်များအပေါ် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ကြီးဒေါ်အေးသဉ္ဇှာဇာကျော်၏ ဖြေကြားချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

“၁၉.၁၀.၂၀၂၂ ရက်နေ့  နံနက် ၉ နာရီအချိန်လောက်မှာ   အင်းစိန်ဗဟို အကျဉ်းထောင်ရဲ့ ထောင်ဝင်စာ လက်ခံတဲ့နေရာမှာ မိုင်းပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ဝန်ထမ်း ၃ ဦး၊ ကလေးအပါအဝင် အရပ်သားပြည်သူ ၅ ဦးသေဆုံးခဲ့ပါတယ်။ ဒဏ်ရာရတာကတော့ ဝန်ထမ်း ၅ ဦးနဲ့ အရပ်သားပြည်သူ ၁၃ ဦးဖြစ်ပါတယ်။ ဒီလိုဖြစ်ပွားခဲ့တာကို အမည်ပျက်စာရင်းကြေညာခံထားရတဲ့  မီဒီယာတချို့က မိုင်းပေါက်ကွဲမှုဖြစ်စဉ်အပြီးမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက  ပစ်ခတ်လို့ ပြည်သူတွေသေဆုံးရတယ်လို့ မဟုတ်မမှန် ထုတ်လွှင့်နေတာတွေ ရှိပါတယ်။  ဒါနဲ့ပတ်သက်ပြီး သေဆုံးသွားတဲ့ ပြည်သူတွေ၊ ဝန်ထမ်းတွေရဲ့ ရင်ခွဲစစ်ဆေးချက် အဖြေအရ လက်နက်ငယ်ဖောက်ဝင် ဒဏ်ရာကြောင့် သေဆုံးခဲ့သူ တစ်ဦးတစ်ယောက်မှ မရှိဘဲနဲ့ မိုင်းပေါက်ကွဲချိန်မှာ မိုင်းစထိမှန်သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိမိုင်းပေါက်ကွဲတဲ့ နေရာနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားတဲ့နေရာမှာ အကွာအဝေးအရဆိုရင် ဒီလိုပစ်ခတ်ဖို့ အကွာအဝေး မဟုတ်သလို အတွင်းခန်း အဆောက်အအုံထဲမှာ မိုင်းပေါက်ကွဲမှုဖြစ်တဲ့ အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့နေရာနဲ့ဆိုရင် ကျည်ကွယ်မျက်ကွယ် နေရာမျိုးဖြစ်ပါတယ်။ ပစ်ခတ်မယ်ဆိုရင်တောင် ဒီလိုထိခိုက်နိုင်တဲ့ အနေအထား မရှိတဲ့နေရာဖြစ်ပါတယ်။ ဒီအချက်တွေအရ သေဆုံးဒဏ်ရာ ရသူတွေရဲ့  ရင်ခွဲစစ်ဆေးချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဖြန့်ခွဲနေရာ ယူထားတဲ့ အနေအထားကိုကြည့်မယ်ဆိုရင် နာမည်ပျက်စာရင်းသွင်း ခံထားရတဲ့ မီဒီယာအမည်ခံ   ပြည်ဖျက်လိုသူတချို့ရဲ့ မဟုတ်မမှန် စွပ်စွဲချက်တွေသာဖြစ်ကြောင်း ပြောကြားလိုပါတယ်။”