ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လယ်ယာစိုက်ပျိုးမွေးမြူရေး သမဝါယမလုပ်ငန်းများနှင့် မြစိမ်းရောင်စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (Multivitamin (EV,Solar Power Energy)
မြန်မာနိုင်ငံတစ်လွှား အလျင်အမြန်ဖွံ့ဖြိုးတိုးတက်ရေး အမြော်အမြင်ကြီးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အရင်းမပျောက်မတည်ငွေများကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ တနင်္သာရီ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် လယ်ယာစိုက်ပျိုးမွေးမြူရေး၊ အငယ်စားဆည်မြောင်းလုပ်ငန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး၊ မြစိမ်းရောင်စီမံကိန်းများကို သက်ဆိုင်ရာအရပ်ဒေသများအလိုက် အုပ်ချုပ်နေကြသူများကို လွတ်လပ်စွာ ဦးဆောင်စေသည်။ ပါဝင်အကောင်အထည်ဖော်ပေးကြမည့် ပြည်သူများကိုလည်း စနစ်တကျပူးပေါင်း စည်းလုံးညီညွတ်စွာ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခွင့်ကို ပေးလိုက်ခြင်းသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် ပြည်သူလူထုကို မြေစမ်းခရမ်းပျိုးလေ့ကျင့်မှုပြုပေးလိုက်ခြင်းဟု ထင်မှတ်မိပါသည်။
ထိုသို့ဖော်ဆောင်ပေးလိုက်ခြင်းသည် မြန်မာနိုင်ငံတော်ကြီး၏ တိုင်းရင်းသားပြည်သူများအားလုံး မိမိတို့သက်ဆိုင်ရာနေရာဒေသ အသီးသီးအတွင်းရှိ စီမံကွပ်ကဲဦးဆောင်သူများနှင့် လက်တွေ့ပါဝင် အကောင်အထည်ဖော်ပေးကြမည့် ပြည်သူများ၏ မိမိတိုင်းပြည်ကြီး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက် စည်းလုံးညီညွတ်တက်စွာ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်နိုင်ကြမှုများကို ယှဉ်ပြိုင်စေခြင်း ဖြစ်လိမ့်မည်ဟုလည်း သုံးသပ်မိပါသည်။
အရင်းမပျောက် မတည်ငွေများထုတ်ပေးခြင်းသည် သက်ဆိုင်ရာဒေသအလိုက်အကောင်အထည်ဖော်ကြရမည့် ပုဂ္ဂိုလ်များ၏ စွမ်းရည်စွမ်းပကားများ မြင့်တက်စေရန် Booster ထိုးပေးလိုက်ခြင်းဖြစ်သည်ဟုလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသွားခဲ့သည်ကိုအလေးထားပြီး မိမိလေ့လာသိရှိနားလည်ထားသည့် EV, Solar EV ယာဉ်များနှင့် Fully Solar EV ယာဉ်များ၏ အခန်းကဏ္ဍများအကျဉ်းစုကို ကြူအငလငအောငည အားဆေးဖြစ်စေရန် ရည်မှန်းဖြည့်စွက်အကြံပြု တင်ပြပေးလိုက်ခြင်းသာ ဖြစ်သည်ဟု ခံယူမိပါသည်။
ဦးစွာပထမမြန်မာနိုင်ငံသားအများစု ၇၀ ရာခိုင်နှုန်းနေထိုင်ကြပြီး ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေသည့် ကျေးလက်ဒေသများ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အထောက်အကူပြုပေးနိုင်မည့် လယ်ယာထွန်ယက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်နေကြသည့် တောင်သူလယ်သမားများ၏ လုပ်ငန်းအသီးသီး လုပ်ဆောင်အကောင်အထည်ဖော်ရာတွင် ပိုမိုလျင်မြန်ထိရောက်အစွမ်းထက် ဖော်ဆောင်အင်အား ဖြစ်စေရေးအတွက် လိုအပ်သောကုန်ကြမ်းများနှင့် ကုန်ချောများ သယ်ယူပို့ဆောင်ရေး၊ ဝန်ထမ်းများ သယ်ယူပို့ဆောင်ရေး၊ နယ်မြေအတွင်းရှိ ပြည်သူအများသွားလာလှုပ်ရှားရေးစသည့် လုပ်ငန်းများ၊ ကျေးလက်ကုန်စည်များ သယ်ယူပို့ဆောင်ရေး၊ ကျေးလက်ဆက်သွယ်ရေးလမ်းများဖောက်လုပ်ရေး၊ ဆည်မြောင်းငယ်များ တည်ဆောက်ရေးတို့အတွက် အသုံးပြုနိုင်သည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (နေရောင်ခြည်စွမ်းအင်) တိုက်ရိုက်ရယူ အသုံးပြုနိုင်သည့် ရေစုပ်စက်များ၊ အခြားစက်ပစ္စည်းကိရိယာများ။ ဈေးနှုန်းချိုသာသည့် Solar Energy အခြေပြု EV ယာဉ် အသေး၊ အလတ်နမူနာငယ်များနှင့် လယ်ယာစိုက်ပျိုးမွေးမြူရေးနှင့် အထွေထွေသုံး EV ယာဉ်များလှုပ်ရှားအသုံးပြုလိုက်၍ လျော့နည်းသွားသော Batteries များကို စွမ်းအားများ ပြန်လည်ဖြည့်တင်းပေးနိုင်မည့် Solar Energy Recharging Station များ၏နမူနာကို အကြံပြု တင်ပြဖော်ပြပေးသွားပါမည်။
ထိုမှအဆင့်ဆင့်တက်ပြီး မြို့နယ်၊ မြို့ကြီးများတွင် အများပြည်သူများသယ်ယူပို့ဆောင်ရေးသုံးရန်အတွက် အသုံးပြုနိုင်ကြမည့် အသေးစား၊ အလတ်စား၊ အကြီးစား EV ယာဉ်များ၊ EV Bus များ၊ Solar EV Bus များ၊ Solar EV Ferry Boat များ၊ Fully Solar EV ယာဉ်များကိုလည်း တင်ပြသွားပါမည်။
ကျေးလက်ဒေသသုံး EV ယာဉ်များကို သုံးစွဲသူများ စရိတ်သက်သာစွာ ဝယ်ယူသုံးစွဲနိုင်စေရန် တန်ဖိုးနည်း Lead Acid Batteries လိုအပ်သည့် အရေအတွက်များကို စွမ်းအားလိုအပ်ချက်၊ လုပ်ငန်းများ လိုအပ်ချက်အလိုက် သင့်တော်သလိုဖြည့်ဆည်းပြီး မိမိအသုံးပြုမည့် EV ယာဉ်နှင့် Solar သုံးစက်ပစ္စည်းကိရိယာများအလိုက် စက်များ၏လည်ပတ်ရန် လိုအပ်သောစွမ်းအားပမာဏကို တွက်ချက်တပ်ဆင်ဖြည့်ဆည်းပေးရပါမည်။ ငွေပေးချေရာတွင်လည်း Installment စနစ်ဖြင့် ပေးချေခွင့်ရစေခြင်းဖြင့် တောင်သူလယ်သမားများ တွင်ကျယ်စွာ ဝယ်ယူသုံးစွဲ နိုင်ကြစေရန်စီမံပေးသင့်ပါသည်။
စွမ်းအားကောင်းပြီးတန်ဖိုးကြီးမြင့်သော အပူဒဏ်လွန်ကဲသည့်အခါ မီးလောင်ကျွမ်းမှုဖြစ်စေတတ်သည့် Li-ion Battries များအစား နောက်ထပ် ဆန်းသစ်တီထွင်အောင်မြင်လာသော LiFePO4 Batteries များကိုလည်း လိုအပ်လျှင် Lead Acid Battery များနှင့် ပေါင်းစပ်သုံးသင့်ပါသည်။ ။
ဆက်လက်ဖော်ပြပါမည်။