2022 Golden Boy ဆုကို ဘယ်လင်ဟမ်နှင့် ကာမာဗင်ဂါတို့ကိုကျော်ဖြတ်ပြီး ဘာစီလိုနာအသင်း လူငယ်ကစားသမား ဂါဗီဆွတ်ခူး

2022 Golden Boy ဆုကို ဘယ်လင်ဟမ်နှင့် ကာမာဗင်ဂါတို့ကိုကျော်ဖြတ်ပြီး ဘာစီလိုနာအသင်း လူငယ်ကစားသမား ဂါဗီဆွတ်ခူး

အီတလီနိုင်ငံအခြေစိုက်  Toutto Sports က ရွေးချယ်ချီးမြှင့်သည့်    2022  Golden  Boy ဆုကို ဒေါ့မွန်အသင်းမှ ဘယ်လင်ဟမ်နှင့်ရီးယဲလ်မက်ဒရစ်အသင်းမှ ကာမာဗင်ဂါတို့ကိုကျော်ဖြတ်ပြီး ဘာစီလိုနာအသင်းမှ   လူငယ်ကွင်းလယ်ကစားသမား  ဂါဗီက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အသက် ၁၈ နှစ်အရွယ်သာရှိသေးသည့် ဂါဗီသည် ဘာစီလိုနာအသင်းအကယ်ဒမီဖြစ်သည့် မာလာစီယာ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ဘောလုံးရာသီကမှ  ဘာစီလိုနာအသင်းနှင့် ပရော် ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုကာ စတင်ပါဝင်ကစားခဲ့သူ ဖြစ်သည်။ ဂါဗီသည်  ပြီးခဲ့သည့်ဘောလုံးရာသီက အသင်းနှင့်စာချုပ်ချုပ်ဆိုကာ ပူးပေါင်းခဲ့သော်လည်း အသင်းတွင် စီနီယာကစားသမားများကိုကျော်ဖြတ်ပြီး  ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်သည့်အပြင် စပိန်လက်ရွေးစင်အသင်းတွင်လည်း ကွင်းလယ်ကစားသမားအဖြစ်     ခြေစွမ်းပြနိုင်ပြီးနောက်  2022  Golden  Boy ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

Golden Boy ဆုကို  ၂၀၀၃  ခုနှစ်က စတင်ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး လူငယ်ကစားသမားများအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က   ချီးမြှင့်သည့်   ကမ္ဘာ့လူငယ်အကောင်းဆုံးကစားသမားဆု  (Kopa Trophy)ပြီးလျှင် ဂုဏ်သိက္ခာ အကြီးမားဆုံးဆုတစ်ခုဖြစ်သည်။

Golden  Boy ဆုကို ကမ္ဘာ့ထိပ်တန်းကစားသမား များဖြစ်သည့် အမ်ဘတ်ပီ၊ ဟာလန်း၊ ရွန်းနီ၊ အဂူရို၊  ပေါ့ဂ်ဘာ၊ ဖာဘရီဂတ်စ်၊ မက်ဆီအစရှိသည့်ကစားသမားများလည်းရရှိခဲ့ဖူးပြီး   2021  Golden  Boy ဆုကို    ဘာစီလိုနာအသင်းမှ   ပက်ဒရီကရရှိခဲ့ရာ ယခုနှစ်တွင်လည်း ဂါဗီကရရှိခဲ့ခြင်းဖြစ်သည်။

ဂါဗီသည်   ပြီးခဲ့သည့်ရက်ပိုင်းက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကပေးအပ်သည့်  ကမ္ဘာ့လူငယ်အကောင်းဆုံး ကစားသမားဆု (Kopa Trophy) ကိုလည်း ရရှိခဲ့ကြောင်း သိရသည်။             

Ref;Dailymail