ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အပြီးတိုင်အနားယူပြီဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်း ကွင်းလယ်ကစားသမားဟောင်း ရစ်ဘာရီ အတည်ပြုကြေညာ

ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အပြီးတိုင်အနားယူပြီဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်း ကွင်းလယ်ကစားသမားဟောင်း ရစ်ဘာရီ အတည်ပြုကြေညာ

ပြင်သစ်အသင်းနှင့်    ဘိုင်ယန်မြူးနစ်အသင်းကွင်းလယ်ကစားသမားဟောင်း ရစ်ဘာရီသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ    အပြီးတိုင်အနားယူပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

အသက်  ၃၉ နှစ်အရွယ် ရစ်ဘာရီသည်  ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို    ပြင်သစ်ကလပ် မက်အသင်းနှင့်  ၂၀၀၄  ခုနှစ်က စတင်ပြီး မက်အသင်းတွင် တစ်ရာသီသာကစားပြီးနောက် ၂၀၀၅ ခုနှစ်တွင်   တူရကီထိပ်သီး  ဂါလာတာဆာရေးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။

ဂါလာတာဆာရေးအသင်းတွင်လည်း ရာသီဝက်သာ ကစားပြီးနောက်  ၂၀၀၅ ခုနှစ်  ဇွန်လတွင် ပြင်သစ် ထိပ်သီး    မာဆေးလ်အသင်းသို့    အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်တွင် ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။

ရစ်ဘာရီသည် ဘိုင်ယန်မြူးနစ်အသင်းတွင် ၂၀၀၇ ခုနှစ်မှ  ၂၀၁၉ ခုနှစ်အထိ  ကာလရှည်ကစားခဲ့ပြီး ကစားသမားဘဝအောင်မြင်မှုများ ရရှိခဲ့ကာ   ဖီအိုရင်တီးနားအသင်း၊ ဆလာနီတာနာအသင်းတို့သို့ အဆင့်ဆင့်ပြောင်းလဲ ကစားပြီးနောက် ယခုအခါ ကစားသမားဘဝမှအနားယူခဲ့ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ ၂၂ နှစ်အတွင်း ပွဲစဉ် ၇၁၃ ပွဲကစားခဲ့ရာ သွင်းဂိုး ၁၆၇ ဂိုး၊ ဂိုးဖန်တီးမှု ၂၄၉ ကြိမ်နှင့် ဆုဖလား ၂၄ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

           Ref;Bleacher Report Football