ယာဉ်မောင်း လဲလှယ်သည့်စနစ်ကြောင့် ကုန်ကျစရိတ် ပိုမိုများပြားလာပြီး တရုတ်နိုင်ငံသို့ ကုန်စည်တင်ပို့သည့် ယာဉ်အစီးရေ နည်းပါးလာ

ယာဉ်မောင်းလဲလှယ်သည့် စနစ်ကြောင့် ကုန်ကျစရိတ် ပိုမိုများပြားလာပြီး တရုတ် နိုင်ငံသို့ ကုန်စည်တင်ပို့သည့် ကုန်တင်ယာဉ် အစီးရေလျော့ကျလာကြောင်း   မူဆယ် သစ်သီးဝလံကုန်စည်ဒိုင်    ဒုတိယဥက္ကဋ္ဌ  ဦးအောင်သက်ဦး၏ ပြောဆိုချက်အရ သိရ သည်။

COVID-19 ရောဂါ  အခြေအနေကြောင့် တရုတ်နိုင်ငံ ဝမ်တိန်ယာဉ်ရပ်နားကွင်းအတွင်း မြန်မာနိုင်ငံမှ ယာဉ်မောင်းများ ဝင်ရောက်ခွင့်မရှိတော့သည့်အတွက် ယာဉ် မောင်းလဲလှယ်သည့်စနစ်ကို  အသုံးပြုနေရသောကြောင့် ဖရဲ၊ သခွားကုန်တင်ယာဉ်တစ်စီးလျှင် ငွေကျပ် တစ်သိန်းလေးသောင်းအထိ ကုန်ကျနေကြောင်း သိရသည်။

တန်ဆာခလည်း  မြင့်တက်လာတယ်။ အသီးထွက်တာ    များလာရင်   ပုံမှန် ငွေကျပ် ၁၀ သိန်းကနေ  သိန်း ၂၀ အထိ ပေးဆောင်ရတယ်။ ဒါက မူဆယ်-မန္တလေးလမ်းကြောင်းပါ။ တန်ဆာခလည်း ထက်ဝက်လောက် များသွားတယ်။ အခက်အခဲကတော့  အများကြီးပဲ။  မန္တလေးကနေ   တရုတ်နိုင်ငံကိုရောက်ဖို့ ၁၀ ရက်လောက်ကြာတယ်။   အခက်အခဲကတော့   ယာဉ်မောင်းလဲလှယ်တဲ့စနစ်အပြင်    မြို့အဝင်ဂိတ်တွေမှာ  ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့အတွက် ကြန့်ကြာမှုတွေရှိတယ်ဟု   ဦးအောင်သက်ဦးကပြောသည်။

ယခင်က ပုံမှန်အားဖြင့် တစ်ရက်လျှင် ကုန်တင်ယာဉ်အစီးရေ ၄၀၀ မှ ၅၀၀ ဝန်းကျင်အထိ    ဝင်ရောက်နိုင်သော်လည်း လက်ရှိတွင် တစ်ရက်လျှင် ကုန်တင်ယာဉ်အစီးရေ ၅၀ မှ ၁၀၀ ဝန်းကျင်သာ   ဝင်ရောက်နိုင်ကြောင်း သိရသည်။    

နေနေ