၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် အုပ်စုမဲခွဲမှုအပြီးတွင် လက်ရှိချန်ပီယံ အမေရိကန် အမျိုးသမီးအသင်းနှင့် နယ်သာလန် အမျိုးသမီးအသင်းတို့ တစ်အုပ်စုတည်း ကျရောက်

၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် အုပ်စုမဲခွဲမှုအပြီးတွင် လက်ရှိချန်ပီယံ အမေရိကန် အမျိုးသမီးအသင်းနှင့် နယ်သာလန် အမျိုးသမီးအသင်းတို့ တစ်အုပ်စုတည်း ကျရောက်

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အုပ်စု မဲခွဲမှုအပြီးတွင်   လက်ရှိချန်ပီယံ  အမေရိကန်အမျိုးသမီးအသင်းနှင့်   နယ်သာလန်အမျိုးသမီး အသင်းတို့ အုပ်စု (E) ၌   တစ်အုပ်စုတည်း   ကျရောက်လျက်ရှိ ကြောင်း သိရသည်။

အမေရိကန်အမျိုးသမီးအသင်းနှင့်  နယ်သာလန် အမျိုးသမီး အသင်းတို့သည်  ၂၀၁၉ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ   ဗိုလ်လုပွဲစဉ်၌     တွေ့ဆုံခဲ့ပြီး အမေရိကန်အမျိုးသမီး အသင်းက  ၂ ဂိုး - ဂိုးမရှိ ဖြင့်   အနိုင်ရရှိကာ   ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီး လက်ရှိချန်ပီယံအဖြစ် ရပ်တည်လျက်ရှိသည်။

၂၀၂၃  အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲကို  အာရှ ဒေသတွင်းဖြစ်သည့် သြစတြေးလျနိုင်ငံနှင့် နယူးဇီလန် နိုင်ငံတို့က   ပူးတွဲအိမ်ရှင်အဖြစ်   လက်ခံကျင်းပမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၂၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။

၂၀၂၃    အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုအပြီးတွင်  အုပ်စု (A) ၌  အိမ်ရှင်နယူးဇီလန်၊ နော်ဝေ၊ ဖိလစ်ပိုင်နှင့် ဆွစ်ဇာလန်အသင်း၊အုပ်စု (B) ၌ အိမ်ရှင်သြစတြေးလျ၊ အိုင်ယာလန်၊ နိုက်ဂျီးရီးယားနှင့် ကနေဒါအသင်း၊ အုပ်စု (C) ၌ စပိန်၊ ကော်စတာရီကာ၊ ဇမ်ဘီယာနှင့် ဂျပန်အသင်း၊ အုပ်စု (D) ၌ အင်္ဂလန်၊ ဒိန်းမတ်၊ တရုတ်နှင့် ခြေစစ်ပွဲအောင်မြင်မည့်အသင်း၊ အုပ်စု (E) ၌ အမေရိကန်၊ နယ်သာလန်၊ ဗီယက်နမ်နှင့် ခြေစစ်ပွဲ အောင်မြင်မည့်အသင်း၊ အုပ်စု (F) ၌ ပြင်သစ်၊ ဂျမေကာ၊ ဘရာဇီးနှင့် ခြေစစ်ပွဲ အောင်မြင်မည့်အသင်း၊ အုပ်စု (G) ၌ ဆွီဒင်၊ တောင်အာဖရိက၊ အီတလီနှင့် အာဂျင်တီးနားအသင်း၊ အုပ်စု (H) ၌ ဂျာမနီ၊ မော်ရိုကို၊ ကိုလံဘီယာနှင့်  တောင်ကိုရီးယားအသင်းတို့  တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် အောင်မြင်မှု အရှိဆုံးအသင်းအဖြစ်  အမေရိကန်အမျိုးသမီးအသင်းက   ချန်ပီယံဆုလေးကြိမ်ဖြင့်   ထိပ်ဆုံး၌ ရပ်တည်လျက် ရှိကြောင်း သိရသည်။