ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အလျင်မြန်ဆုံး ကစားသမား ငါးဦးစာရင်းတွင် ဒါဝင်နူနက်စ် ထိပ်ဆုံး၌ ရပ်တည်နေ
ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အလျင်မြန်ဆုံး ကစားသမား ငါးဦးစာရင်းတွင် လီဗာပူးအသင်းမှ ဒါဝင်နူနက်စ် က ထိပ်ဆုံး၌ ရပ်တည်နေကြောင်း သိရသည်။
ဒါဝင်နူနက်စ်သည် ဖူလ်ဟမ်အသင်းနှင့် လီဗာပူး အသင်းတို့ နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်သည့် ပွဲစဉ်တွင် တစ်နာရီလျှင် ၃၆ ဒသမ ၅ Km/h အထိ ပြေးနိုင်ခဲ့ပြီး ထိပ်ဆုံး၌ ရပ်တည်နေခြင်းဖြစ်သည်။
ဒါဝင်နူနက်စ်သည် ပြီးခဲ့သည့် အပြောင်းအရွှေ့ ကာလက စံချိန်တင်ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ဘင်ဖီကာအသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ ကစားခဲ့သူဖြစ်ပြီး အသင်းနှင့် ရာသီအစပိုင်းက ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်း ပွဲစဉ်များတွင် ခြေစွမ်းပြနိုင်ခဲ့ကာ သွင်းဂိုးများ သွင်းယူလျက်ရှိသည်။
ဒါဝင်နူနက်စ်၏နောက်တွင် အာဆင်နယ်အသင်းမှ တောင်ပံကစားသမား မာတင်နယ်လီက ဒုတိယ နေရာ၌ ရပ်တည်နေကာ မာတင်နယ်လီသည် ဒါဝင် နူနက်စ်နှင့် အနည်းငယ်သာ ကွာဟခဲ့ပြီး တစ်နာရီလျှင် ၃၅ ဒသမ Km/h ဖြင့် ရပ်တည်လျက်ရှိသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ အလျင်မြန်ဆုံး ကစားသမား ငါးဦးစာရင်းတွင် တတိယနေရာ၌ ယခုဘောလုံး ရာသီတွင် မန်ယူအသင်းနှင့်အတူ ပုံစံကောင်းများ ပြသလျက်ရှိသည့် တောင်ပံခံစစ်ကစားသမား ဒါလော့ က တစ်နာရီလျှင် ၃၅ ဒသမ ၈ Km/h ဖြင့် ရပ်တည် လျက်ရှိသည်။
ထို့နောက် စတုတ္ထနေရာ၌ နယူးကာဆယ်အသင်း မှ တောင်ပံကစားသမား စိန့်မက်ဆီက တစ်နာရီ လျှင် ၃၅ ဒသမ ၇ ဖြင့် ရပ်တည်နေပြီး ပဉ္စမနေရာ၌ ဘုန်းမောက်အသင်းမှ Km/h ဂျက်စတေစီက တစ်နာရီလျှင် ၃၅ ဒသမ ၆ Km/h ဖြင့် ရပ်တည် နေကြောင်း သိရသည်။