ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက အုပ်စုဒုတိယဖြင့် ကွာတားဖိုင်နယ် တက်ရောက်

ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက အုပ်စုဒုတိယဖြင့် ကွာတားဖိုင်နယ် တက်ရောက်

နေပြည်တော် အောက်တိုဘာ ၂၅

၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၆ နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲကို နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ကွင်းအမှတ်(၁)နှင့် (၃)တို့၌ ယနေ့နံနက် ၇ နာရီနှင့် ညနေ ၃ နာရီခွဲတို့တွင် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

ယနေ့နံနက် ၇ နာရီတွင် ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏ သိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၃)၌  မွန်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသ ကြီးအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း၊ ညနေ ၃ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)၌  ပြည်ထောင်စု နယ်မြေ နေပြည်တော်အသင်းက ကရင်ပြည်နယ် အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့်လည်း ကောင်း၊  ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၃)၌ မကွေးတိုင်းဒေသကြီး အသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး အုပ်စု(ဂ)တွင် မွန်ပြည်နယ်အသင်းက အုပ်စုပထမ၊ တနင်္သာရီတိုင်းဒေသကြီး အသင်းက အုပ်စုဒုတိယဖြင့် လည်းကောင်း၊ အုပ်စု(ဃ)တွင် စစ်ကိုင်းတိုင်းဒေသကြီး အသင်းက အုပ်စုပထမ၊  ပြည်ထောင်စုနယ်မြေ  နေပြည်တော်အသင်းက  အုပ်စု ဒုတိယဖြင့် လည်းကောင်း ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။