တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ တွင် ကျိုင်းတုံတပ်နယ်အသင်းက ဒိုင်းဆုရရှိ

တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ တွင် ကျိုင်းတုံတပ်နယ်အသင်းက ဒိုင်းဆုရရှိ

နေပြည်တော်၊ အောက်တိုဘာ - ၂၆

 တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား၊ အမျိုးသမီး) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ ပြုလုပ်ခဲ့ပြီး တံခွန်စိုက်ဒိုင်းဆုအား ကျိုင်းတုံတပ်နယ်အသင်းက ရရှိသွားကြောင်းသိရှိရသည်။

အဆိုပါ (အမျိုးသား၊ အမျိုးသမီး) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲသို့ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် အမျိုးသား၊ အမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၂၀၀)နှင့် မီတာ(၄၀၀) လက်ဆင့်ကမ်း ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင်များ၊ တစ်ဦးချင်းဆု ရရှိကြသူများနှင့် ဒိုင်းဆုရရှိသော ကျိုင်းတုံတပ်နယ်အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်း ရရှိသည်။