ကျွဲပွဲ-ဇရပ်ကြီးသွား ကားလမ်းပေါ်ရှိ သင်္ကန်းတုန်းချောင်းကူးတံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

ကျွဲပွဲ-ဇရပ်ကြီးသွား ကားလမ်းပေါ်ရှိ သင်္ကန်းတုန်းချောင်းကူးတံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး 

နေပြည်တော်၊ အောက်တိုဘာ - ၂၆

        ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျွဲပွဲ-ဇရပ်ကြီးသွား ကားလမ်းပေါ်ရှိ သင်္ကန်း တုန်းချောင်းကူးတံတားအား ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရ သည်။

        အဆိုပါ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖက်ဝင်ကုန်းကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀ ခန့်အကွာ၊ ကျွဲပွဲ-ဇရပ်ကြီး သွား ကားလမ်းပေါ်ရှိ အရှည် ၁၀၅ ပေ၊ အကျယ် ၁၄ ပေ သံကူကွန်ကရစ်အမျိုးအစား သင်္ကန်းတုန်းချောင်းကူးတံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးထားသည်ကို တွေ့ရှိရပြီး တံတားအလယ်ပိုင်း ၄၂ ပေခန့် ပြိုကျပျက်စီးခဲ့ သည်ကို  တွေ့ရှိရသည်။

        အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာသူ/ကျေးရွာသားများအား သွားလာမှု ခက်ခဲစေရန်နှင့် အထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း၊ အဆိုပါ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိကြောင်းနှင့် တံတား ပျက်စီးမှုအား သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။