အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း(အမျိုးသား/အမျိုးသမီး)ပြေးခုန်ပစ် ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း(အမျိုးသား/အမျိုးသမီး)ပြေးခုန်ပစ် ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၈      

          အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုးသမီး)ပြေးခုန်ပစ်ပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ် ဌာနချုပ် အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက (အမျိုးသား/အမျိုးသမီး) ပြေးခုန်ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်များ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသော အားကစား သမားများ၊ အသင်းလိုက်ပထမဆုရရှိသော လင်းခေးတပ်နယ်(အမျိုးသမီး) အသင်းနှင့် အသင်းလိုက်ပထမဆုရရှိသော ကွန်ဟိန်းတပ်နယ်(အမျိုးသား)အသင်းတို့ အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ကြသည်။

          အဆိုပါ တိုင်းမှူးဒိုင်း(အမျိုးသား/အမျိုးသမီး) ပြေးခုန်ပစ်ပြိုင်ပွဲကို  အားကစား နည်း(၉)မျိုးဖြင့် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များမှ အမျိုးသား/ အမျိုးသမီး ပြိုင်ပွဲဝင်အသင်း (၈)သင်းစီဖြင့် အောက်တိုဘာ ၂၁ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။