(၂၇)ကြိမ်မြောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပပြုလုပ်
နေပြည်တော်၊ အောက်တိုဘာ - ၂၉
(၂၇)ကြိမ်မြောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းကပ်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ ၌ ပြုလုပ်ရာ ကျိုင်းတုံမြို့၊ ဟိုခုံကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တဇောတိက အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြကာ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများ၊ ကထိန်အလှူရှင်များ၊ ဖိတ်ကြား ထားသူများတက်ရောက်ကြပြီး သံသရာအေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောသလ္လ ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ် ချီးမြှင့်တော်မူကြပြီး တိုင်းမှူးနှင့် အလှူရှင်များက ဟိုခုံကျောင်းတိုက်ဆရာတော် အမှူးပြုသော သံဃာတော်များအား ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်း၍ သာသနာ့ဝေပုလ္လကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဇယထံမှ ကထိန်အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေကြသည်။
ယင်းနောက် တိုင်းမှူးနှင့် အလှူရှင်များသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။