(၃၅)ကြိမ်မြောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပပြုလုပ်

(၃၅)ကြိမ်မြောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၉

        (၃၅)ကြိမ်မြောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းကပ်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ မော်လမြိုင်မြို့၊ နိုင်ငံတော်ဗဟိုသံဃာဝန်ဆောင် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ အတုလရန်အောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောသလ္လ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြကာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊ တပ်နယ် တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး အတုလရန်အောင် ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

        ထို့နောက် ဆရာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အတုလရန်အောင်ကျောင်းတိုက်ဆရာတော် အမှူးပြုသော သံဃာတော်များအား ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်း၍ အတုလရန်အောင်ကျောင်းတိုက်ဆရာတော်ထံမှ ကထိန် အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။

        ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။