(၅၀)ကြိမ်မြောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပပြုလုပ်

(၅၀)ကြိမ်မြောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၉

        (၅၀)ကြိမ်မြောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းကပ်လှူပူဇော်ပွဲကို အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ မြစ်ကြီးနားမြို့၊ ဆုထူးပန်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တတေဇိန္ဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြကာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြပြီး ဆုထူးပန် ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

        ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆုထူးပန်ကျောင်းတိုက် ဆရာတော် အမှူးပြုသော သံဃာတော်များအား ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

        ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။