ဘုတ်ပြင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်ခဲ့သည့် ငါးဖမ်းလှေတစ်စီး ပေါ်မှ လှေသားများအား ကူညီကယ်ဆယ်

နေပြည်တော် ၊  အောက်တိုဘာ - ၁၉

   တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဘုတ်ပြင်းမြို့၏ အနောက်ဘက် ရေမိုင် ၃၄ မိုင်ခန့်အကွာ၌ အောင်မင်္ဂလာ- ၅ အမည်ရှိ ဝိုင်းချုပ် ငါးဖမ်းလှေတစ်စီး ရေဝင် နစ်မြုပ်နေကြောင်း သတင်းအရ ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် သွားရောက်၍ ရှာဖွေကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ နစ်မြုပ်လှေပေါ်မှ လှေသား အမျိုးသား ၃၉ ဦးအနက်မှ ၃၇ ဦးအား ကူညီကယ်ဆယ် ပေးနိုင်ခဲ့ပြီး စစ်ရေယာဉ်ပေါ်၌ လိုအပ်သည့်  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

   အဆိုပါ နစ်မြုပ်လှေမှ ပျောက်ဆုံးနေသော လှေသား ၂ ဦးအား  ရှာဖွေကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။