အီရန်အရေးတွင် နောက်ကွယ်မှ ပါဝင်လုပ်ဆောင်နေသည့် စီအိုင်အေ
အီရန်နိုင်ငံ၌ ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်းက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများတွင် ပြည်ပနိုင်ငံများမှ ထောက်လှမ်းရေးအေဂျင်စီ အထူးသဖြင့် စီအိုင်အေကနောက်ကွယ်မှ ပါဝင်လုပ်ဆောင်ခဲ့ကြောင်း အီရန်ထောက်လှမ်းရေး အဖွဲ့များက ထုတ် ပြန်လိုက်သည်။
အမေရိကန်အစိုးရ၏ ထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် စီအိုင်အေအဖွဲ့သည် နိုင်ငံအတွင်း မငြိမ်သက်မှုများဖြစ်ပွား စေရန် စီစဉ်ခဲ့ပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ငြင်းမရနိုင်သည့် သက်သေ အထောက်အထားများ၊ ဆက်လက်လုပ် ဆောင်လျက်ရှိသည့် ထောက်လှမ်းမှုများ အရ ဖော်ထုတ်ရရှိခဲ့ကြောင်း အီရန်ထောက်လှမ်းရေးအဖွဲ့နှင့် အစ္စလာမ်မစ်တော်လှန် ရေး အစောင့်တပ်ဖွဲ့မှ ထောက်လှမ်းရေး အဖွဲ့တို့က ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန်အစိုးရသည် အီရန်နိုင်ငံအတွင်း ဖြစ်ပွားသည့်အခြေအနေများအပေါ် အခွင့် ကောင်းယူ၍ ကြိုတင်စီစဉ်ထားသည့်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ခဲ့ ခြင်း ဖြစ်ကြောင်း အီရန်သတင်းဌာနတစ်ခု က ထုတ်ပြန်သည်။
ထို့ပြင် စီအိုင်အေအဖွဲ့သည် တခြားထောက်လှမ်းရေး အဖွဲ့များနှင့်ပူးပေါင်း၍ အီရန်တစ်နိုင်ငံလုံးတွင် ဖရိုဖရဲအခြေအနေများ ဖန်တီးရန် လုပ်ဆောင်ခဲ့ကြောင်း ထောက်လှမ်းရေး သတင်းများက ဖော်ပြ ထားသည်ဟု အီရန်ကဆိုသည်။
ရည်ရွယ်ချက်မှာ အီရန်နိုင်ငံ၏နယ်မြေ ပေါင်းစည်းမှုကို လျော့ပါးစေရန်နှင့် နိုင်ငံ အပေါ် ပြည်ပမှ ဖိအားများကျရောက်လာ စေရန်ဖြစ်သည်ဟု အီရန်ကပြောကြားထား သည်။
အလားတူ စီအိုင်အေအဖွဲ့သည် ဗြိတိန်၊ ဆော်ဒီအာရေဗျ၊ အစ္စရေးအစိုးရတို့နှင့် ပူးပေါင်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့်အပြင် အီရန်နိုင်ငံ၏ပြည် တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း အီရန်ထောက်လှမ်းရေး သတင်းများတွင် ဖော်ပြထားသည်။ အီရန်တွင် အငြင်းပွားဖွယ် လူသေဆုံးမှုဖြစ်ပွားပြီးနောက် ဆန္ဒပြပွဲများ ထွက်ပေါ်လာခဲ့ရာ အဖျက်အမှောင့် လုပ်ဆောင်လိုသူများ၏ လုပ်ဆောင်ချက်ကြောင့် ဆန္ဒပြပွဲများမှာ အကြမ်းဖက်မှုများအဖြစ် ပြောင်းလဲလာခြင်းဖြစ်သည်။
နိုင်ငံအတွင်းဖြစ်ပွားသည့် အကြမ်းဖက်မှုများကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရပြီး အနောက်နိုင်ငံများကမူ အဓိကရုဏ်း ဖန်တီးသူများကို ထောက်ခံလျက်ရှိသည့် အပြင် အကြမ်းဖက်တိုက်ခိုက်မှုနှင့် အမုန်း တရားများပျံ့နှံ့လာစေရန် အားပေးလှုံ့ဆော် လျက်ရှိသည်။
လက်ရှိတွင် အီရန်နှင့်အမေရိကန်တို့၏ ဆက်ဆံရေး တင်းမာနေပြီး အထူးသဖြင့် အီရန်၏နျူကလီးယား အစီအစဉ်အပေါ် အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများက ပိတ်ဆို့မှုများချမှတ်ခဲ့ရာမှ နှစ်နိုင်ငံကြား ဆက်ဆံရေးသည် အဆိုးရွား ဆုံးအဆင့်သို့ ရောက်ရှိလာသည်။ ထိုသို့ သောအချိန်အတွင်းမှာပင် နိုင်ငံအတွင်း အကြမ်းဖက်မှုများနှင့် အဓိကရုဏ်းများ ဖြစ်ပွားစေရန် အမေရိကန်က လှုံ့ဆော်ပေးလျက်ရှိပြီး အကြမ်းဖက်သမားများကို ထောက်ခံပေးနေသည်ဟု အီရန်ကထောက်လှမ်းရေး သတင်းများကို ကိုးကား၍ ပြောဆိုနေခြင်းဖြစ်သည်။
လောလောဆယ်တွင် အီရန်၌ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများသည် လျော့ကျ လာမည့် အလားအလာ နည်းပါးနေသည်။ထို့ကြောင့် အီရန်အစိုးရအနေဖြင့် နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အဓိကရုဏ်းများနှင့် အကြမ်းဖက်မှုများကို အလျင်အမြန် အဆုံးသတ်နိုင်ခြင်း မရှိပါက ဖြစ်ပွားနေ သည့် အခြေအနေများအပေါ် တခြားပြည်ပနိုင်ငံများက အခွင့်ကောင်းယူ၍ နိုင်ငံ၏တည်ငြိမ်ရေး ပျက်ပြားစေရန် ပိုမို လုပ်ဆောင် လာနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
Ref: Mehrnews