ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
ကြေညာချက်
၁။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနရှိ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှ ပါရဂူဘွဲ့အထိ သင်တန်းများအားလုံးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။ ကျောင်းအပ်လက်ခံခြင်းကို (၂၇-၁၀-၂၀၂၂) ရက်မှ(၁၈-၁၁-၂၀၂၂) ရက်အထိ (စနေနေ့နှင့် တနင်္ဂနွေနေ့များ အပါအဝင်) လက်ခံဆောင်ရွက် ပေးမည်ဖြစ်ပါသည်။
၂။ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန