ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင် များအား တွေ့ဆုံ

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင် များအား တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ - ၃       

          ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမ၌  တွေ့ဆုံသည်။

          ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအတွက် ထောက်ပံ့ချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။