(၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ

(၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ

နေပြည်တော်၊ နိုဝင်ဘာ - ၃

  ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ လေကြောင်းခရီး ဖြင့် ထွက်ခွာသွားကြသည်။ အဆိုပါ အဖွဲ့အား စစ်ရေးချူပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက နေပြည်တော်လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

     မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ်အားကစားသမား စုစုပေါင်း ၄၂  ဦးတို့ လိုက်ပါသွားကြသည်။

    (၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲကို  နိုဝင်ဘာ ၄ ရက်မှ ၁၁  ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲတွင် မြန်မာ့တပ်မတော်မှ ပစ္စတိုအမျိုးသားအသင်း ၊ ပစ္စတိုအမျိုးသမီးအသင်း ၊ ကာဘိုင် အမျိုးသားအသင်း ၊ ရိုင်ဖယ်အမျိုးသားအသင်းနှင့် စက်သေနတ်အမျိုးသား အသင်းတို့  ဝင်ရောက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။