နေပြည်တော် နိုဝင်ဘာ ၄
“(၇၅)နှစ်မြောက် စိန်ရတုထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့နေ့” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံးနှင့်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်များ စုပေါင်းသွေးလှူဒါန်း
၇-၁၁-၂၀၂၂ ရက်နေ့တွင်ကျရောက်မည့် “(၇၅) နှစ်မြောက် စိန်ရတု ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ဖွဲ့နေ့” ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံးနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ၊ စစ်သည် ၅၉၃ ဦးက တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တပ်မတော်ဆေးရုံများတွင် ၂၈-၁၀-၂၀၂၂ ရက်နေ့မှ ၃-၁၁-၂၀၂၂ ရက်နေ့အထိ ဇီဝိတဒါန သွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းမြတ်နှင့် တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။
(၁၀၀)