တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် တိုင်းစစ်ဌာနချုပ်များ၌ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲများ ကျင်းပပြုလုပ်

တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် တိုင်းစစ်ဌာနချုပ်များ၌ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲများ ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၅

        တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် တိုင်းစစ်ဌာနချုပ်များ၌ စုပေါင်းမဟာ ဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲများ ပြုလုပ်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ် အစိုးရအဖွဲ့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တို့ရှိ သတ်မှတ်နေရာအသီးသီးတို့တွင် ကျင်းပပြုလုပ်ကြရာ သက်ဆိုင်ရာ ကျောင်း တိုက်များမှ ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ အသီးသီး တက်ရောက်ကြ သည်။

        ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက ဆရာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည် ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူ ကြည်ညိုကြသည်။ ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ကထိန်လျာမြတ် သင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ဆရာတော်များထံမှ  ကထိန်အနုမောဒနာတရားများ နာကြားကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြသည်။

        ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူး များနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။