တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအနီးရှိ တပေါင်းကွင်းနှင့် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တို့၌ မီးရှူးမီးပန်းများ ပစ်ဖောက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာချက်

နေပြည်တော်၊ နိုဝင်ဘာ - ၅

          မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့)၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး အနီးရှိ တပေါင်းကွင်းနှင့် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တို့၌ ည ၇ နာရီမှစ၍ FIREWORK အမျိုးအစား မီးရှူးမီးပန်းများအား ပစ်ဖောက်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါမီး ရှူးမီးပန်းပစ်ဖောက်မှုများကို အများပြည်သူများအနေဖြင့် လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။