တောင်ငူမြို့ရှိ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး ဒုတိယအကြိမ် ဆေးပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ ကျင်းပပြုလုပ်

တောင်ငူမြို့ရှိ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး ဒုတိယအကြိမ် ဆေးပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ -

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး ဒုတိယအကြိမ် ဆေးပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး ဓမ္မာရုံ၌ ပြုလုပ်ရာ ရွှေဆံတော်မရမ်းကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တတေဇောသာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များ တက်ရာက်ကြသည်။

     ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရွှေဆံတော်မရမ်းကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော် များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များ  နာယူကြည်ညို ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များအား သင်္ကန်း၊ ဆေးနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေဆံတော်မရမ်းကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်ထံမှ အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

     ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဆရာတော်၊ သံဃာတော်များ အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။