ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
ကြေညာချက်
၁။ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှ မဟာဘွဲ့သင်တန်းများအထိ နေ့သင်တန်းများ အားလုံးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။ ကျောင်းအပ် လက်ခံခြင်းကို (၂၇-၁၀-၂၀၂၂)ရက်မှ (၁၈-၁၁-၂၀၂၂)ရက်အထိ(စနေနေ့နှင့် တနင်္ဂနွေနေ့များ အပါအဝင်) လက်ခံဆောင်ရွက် ပေးမည်ဖြစ်ပါသည်။
၂။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ အတွက် ပထမနှစ်(ပထမနှစ်ဝက်) နေ့သင်တန်းများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။
အဆင့်မြင့်ပညာ ဦးစီးဌာန