ခိုလမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှု အားပေး

ခိုလမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှု အားပေး

နေပြည်တော်၊ နိုဝင်ဘာ - ၉

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသော သံဃာတော်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး‌အောင်အောင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများအား  ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

          ထို့နောက်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ တိုင်းမှူးနှင့် အဖွဲ့ဝင် များသည် ဆေးရုံဝန်းအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။