ကချင်ပြည်နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ Covid-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့်ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၁
    
ကချင်ပြည်နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ Covid-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်များထမ်းဆောင်နေသော တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့် ငွေများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ မလိခရိပ်သာ၌  ပြည်နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး၏ နာယက အောင်ဇေရန်အောင်ကျောင်းတိုက် ဆရာတော် မဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဒေါက်တာဥတ္တမသီရိနှင့်အဖွဲ့ဝင်များက လာရောက်လှူဒါန်း သည်။
    
ဦးစွာ ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး၏ တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် Personal Protective Equipment (PPE)   ဝတ်စုံ ၂၅ စုံနှင့်ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းတို့ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ပြည်နယ်၊ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီးအတွက် Surgical Mask  ၅၀၀၀ ခုတို့ကို ပြန်လည်ဆက်ကပ် လှူဒါန်းကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။