COVID-19 ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၁
    
တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Mask များကို ပြည်သူများ Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသုံးပြုနိုင်ရန် လက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းလျက်ရှိသည်။
    
ထိုသို့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် Mask ၂၅၀၀ ခုကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် အနေဖြင့် Mask ၁၂၄၀၀ ခုကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ထားဝယ်မြို့နယ်၊ ပုလောမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် Mask ၃၀၀၀ ခုကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်ကြီးထောင့်မြို့နှင့် ဟိုင်းကြီးကျွန်းမြို့တို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် Mask ၁၅၀၀ ခုကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌လည်းကောင်း တိုင်းစစ်ဌာနချုပ်အသီးသီးရှိ နယ်မြေခံတပ်မတော်သားများက အများပြည်သူ ဖြတ်သန်း သွားလာလျက်ရှိသည့် နေရာများ၌ ဒေသခံပြည်သူတစ်ဦးချင်း၏ လက်ဝယ်သို့အရောက် အခမဲ့ ပေးဝေလှူဒါန်းကြသည်။
    
COVID-19  ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးတွင် အထောက် အကူဖြစ်စေရန်အတွက် Mask များကို အခမဲ့ ဆက်လက်ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။