မောင်တောမြို့နယ်၊ ရေတွင်းပြင်ကျေးရွာတွင် ဓားပြတိုက်မှုဖြစ်ပွား

နေပြည်တော်၊ အောက်တိုဘာ - ၂၁
    
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရေတွင်းပြင်ကျေးရွာနေ အီနုစ်၊ ၃၀ နှစ် (ဘ)ဆူတာအာမတ်သည် အောက်တိုဘာ ၁၈ ရက်ညပိုင်းတွင် ဇနီး၊ သားသမီး၊ ဦးလေးဖြစ်သူတို့နှင့်အတူ၎င်း၏နေအိမ်၌ အိပ်ပျော်နေစဉ် နံနက် ၄ နာရီခန့်တွင် မျက်နှာတွင်အဝတ်များစည်းထားသည့် အမည်မသိလူ ၆ ဦးက တုတ်/ ဓားများ ကိုယ်စီ ကိုင်ဆောင်၍နေအိမ်အတွင်းဝင်ရောက်လာပြီး ဘင်္ဂါလီဘာသာစကားဖြင့်  “မအော်နဲ့ အော်ရင်သတ်ပစ်မယ်” ဟုခြိမ်းခြောက်ပြောဆိုကာ ဇနီးဖြစ်သူ၏ ကျောက်ပါရွှေနားကပ် ၁ ရံ (ကာလတန်ဖိုး၂၈၀၀၀၀ ကျပ်ခန့်)နှင့် ကီးပတ်ဖုန်း တစ်လုံးတို့အား လုယက်ယူဆောင်၍ အီနုစ်အားကြိုးတုပ်ပြီးဓားစားခံအဖြစ် ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
    
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး နှင့် အီနုစ်အားပြန်လည်ကယ်ဆယ်နိုင်ရေး နယ်မြေခံရဲတပ်ဖွဲ့နှင့်တာဝန်ရှိသူများက ပိတ်ဆို့ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။