ရွှေကူမြို့နယ်၊ စီသော်ကျေးရွာအတွင်းရှိ နေအိမ်များအား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီး
နေပြည်တော်၊ နိုဝင်ဘာ - ၁၅
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသော်ကျေးရွာအတွင်းရှိ နေအိမ်များအား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက နိုဝင်ဘာ ၁၃ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ရွှေကူမြို့နယ်အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၁၂ နာရီခန့်တွင် စီသော်ကျေးရွာအနီးသို့ ရောက်ရှိစဉ် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏ မြောက်ဘက် နှင့် အရှေ့ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ဆုတ်ခွာရာ လမ်းတစ်လျှောက်ရှိ နေအိမ်များအား မီးရှို့ဖျက်ဆီး သွားခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြိမ်း သတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့ ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား ဉပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။