ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် (ဒုတိယ အကြိမ်) ပညာသင်စရိတ်၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ပွဲ ပြုလုပ်

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် (ဒုတိယ အကြိမ်) ပညာသင်စရိတ်၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ပွဲ ပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၅

          ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် (ဒုတိယ  အကြိမ်) ပညာသင်စရိတ်၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်  စောသန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းများ၊   ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက် ရှိသော တိုင်းစစ်ဌာနချုပ်မှ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများနှင့် စစ်မှုထမ်းဟောင်းများ၏ သားသမီးကျောင်းသား၊ ကျောင်းသူ  များအတွက် ပညာသင်စရိတ်၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို ပေးအပ်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။

          အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးတွင်လည်း တာဝန်ရှိသူများက ကျောင်းသား‌၊ ကျောင်းသူများအား ပညာသင်စရိတ်၊ ကျောင်းဝတ်စုံ နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။