တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ စတင်ကျင်းပ

တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများစတင်ကျင်းပ

နေပြည်တော် နိဝင်ဘာ ၁၅

၂ဝ၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများကိုယနေ့ နံနက်ပိုင်းမှ စတင်၍ အားကစားနည်းများအလိုက် သက်မှတ်ထားသော အားကစား ကွင်း/ရုံများတွင် စတင်ကျင်းပပြုလုပ်သည်။

တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများဖြစ်သည့် လက်ဝှေ့ပြိုင်ပွဲ ကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ် အားကစား ခန်းမ၌ ကီလိုတန်းအလိုက် လက်ဝှေ့ပြိုင်ပွဲများကိုလည်းကောင်း၊ ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ပြေးခုန်ပစ်ပြိုင်ပွဲမှ အမျိုးသား/အမျိုးသမီး မီတာ ၁၀၀၀၀ ပြေးပြိုင်ပွဲ၊အမျိုးသား/အမျိုးသမီး သံပြားဝိုင်းပစ်ပြိုင်ပွဲ၊အမျိုးသမီး ၇မျိုးစုံ မိတာ ၁၀၀ တန်းကျော်ပြေးပြိုင်ပွဲ၊ အမျိုးသမီး တုတ်ထောက်ခုန်ပြိုင်ပွဲ၊ အမျိုးသား မိတာ၄၀၀ ပြေးပြိုင်ပွဲ၊ အမျိုးသမီး ၇ မျိုးစုံတန်းမြင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား/အမျိုး သမီး မိတာ ၄၀၀ ပြေးပြိုင်ပွဲ၊ အမျိုးသား အလျားခုန်ပြိုင်ပွဲ၊ အမျိုးသမီး သံလုံး ပစ်ပြိုင်ပွဲ၊ အမျိုးသမီး ၇ မျိုးစုံ မီတာ ၂၀၀ ပြေးပြိုင်ပွဲ လူရွေးပွဲနှင့် ဗိုလ်လုပွဲစဥ်များကိုလည်းကောင်း၊ ဂျူဒိုပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(A)၌ အမျိုးသား/အမျိုးသမီး ကီလိုတန်းအလိုက် ဂျူဒိုပြိုင်ပွဲများကိုလည်းကောင်း၊ ဘောလီဘောပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ(B)၌ အမျိုးသား/အမျိုးသမီး အုပ်စုပတ်လည် ဘောလီဘောပြိုင်ပွဲများကိုလည်းကောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(C)၌ ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲနှင့် လက်ထောက် နည်းပြ အဆင့် လက်သိုင်းပညာစဉ် စွမ်းရည်ပြပြိုင်ပွဲ၊ အမျိုးသားကီလိုတန်း အလိုက် အတိုက်ပြိုင်ပွဲများကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်း တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲမှ အလွတ်တန်း ၄ယောက်တွဲ အဖွဲ့လိုက် ပိုက်ကျော် ခြင်းပြိုင်ပွဲများနှင့် ကရာတေးဒိုပြိုင်ပွဲတွင်အကြီးတန်း တစ်ဦးချင်းပြိုင်ပွဲ၊ လူသစ်တန်းတစ်ဦးချင်းပြိုင်ပွဲများကို လည်းကောင်းအသီးသီး ယှဉ်ပြိုင်ကစား ကြသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား(ခ)အဆင့် ဘောလုံး ပြိုင်ပွဲ ပထမအကြိုဗိုလ်လုပွဲကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြု(ခ) အသင်းနှင့် အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု(ခ)အသင်း တို့သည် ယနေ့ညနေပိုင်းတွင် ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ဆက်လက် ယှဉ်ပြိုင် ကစားကြရာပြိုင်ပွဲတွင်   အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု(ခ) အသင်းက အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု(ခ)အသင်းကို ၃ ဂိုး  ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့သည်။

 အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေး ခဲ့ကြကြောင်းသတင်းရရှိသည်။