ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် ဒေါက်တာမျိူးသိန်းကျော် တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ မော်စကိုမြို့ရှိ Obninsk တက္ကသိုလ် ၊ Rosatom Technical Academy နှင့် Obninsk Nuclear Power Plant သို့ သွားရောက်လေ့လာ
နေပြည်တော်၊ နိုဝင်ဘာ ၁၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝင်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဉီးလွင်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၁၅ ရက်တွင် မော်စကိုမြို့ရှိ Obninsk တက္ကသိုလ်၊ Rosatom Technical Academy နှင့် ကမ္ဘာ့ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ Obninsk Nuclear Power Plant များသို့ သွားရောက် လေ့လာကြသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီး များဖြစ်သည့် ဦးသောင်းဟန် ၊ ဒေါက်တာ မျိုးသိန်းကျော် တို့ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Obninsk တက္ကသိုလ်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြပြီး အစည်းဝေး ခန်းမတွင် ပါမေက္ခချုပ် Alexey Panov Tatiana Osipova နှင့် တာဝန်ရှိသူတို့က နိုင်ငံပေါင်း ၆၈ နိုင်ငံတို့မှ လာရောက်၍ ပညာတော်သင် ကျောင်းသူ/ ကျောင်းသား များအား စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးနေမှုဆိုင်ရာများ၊ တက္ကသိုလ်တွင် ဖွဲ့စည်းထားရှိသော ဌာနတစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အချက်အလက် များ အားရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများက နှုတ်ခွန်းဆက်စကားများ ပြောကြား ပြီး တက္ကသိုလ်နှင့် ပါတ်သက်၍ သိရှိလိုသည်များအား အသေးစိတ်မေးမြန်း ကြသည်။
ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Obninsk တက္ကသိုလ်အတွင်း Engineering၊ Obninsk Institute For Nuclear Power၊ Rosatom Resource Center တို့အားလည်းကောင်း၊ Innovation and Technology Center ရှိ Design Laboratories and student office တို့အားလည်းကောင်း၊ Nuclear Power Plant Sinmulator များ၊ Pharmaceutical Center for Practical Competencies and Training and Simulation Center တို့အားလှည့်လည် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြမှုများအပေါ် သိရှိလိုသည်များအား ပြန်လည် မေးမြန်းဆွေးနွေးကြကာ အမှတ်တရလက်ဆောင်ပစ္စည်များ အပြန်အလှန် ပေးအပ် ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ ဉီးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် Rosaton Technical Academy သို့သွားရောက် လေ့လာကြရာ တက္ကသိုလ်ရှင်းလင်းဆောင်၌ ပါမောက္ခချုပ် Yuri Seleznev က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ ဘာသာရပ်ဆိုင်ရာများအလိုက် လေ့ကျင့်သင်ကြား ပေးမှုများ၊ သင်တန်းသားများအား စာတွေ့လက်တွေ့သင်ကြားပေးနေမှုများ၊ နိုင်ငံ တကာ အဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်နေမှုအခြေအနေများအား ပါဝါပွိုင့် များဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများ က သိရှိလိုသည်များအား ပြန်လည် မေးမြန်းဆွေးနွေးကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဉီးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် အဆိုပါတက္ကသိုလ်အတွင်း စာပေဌာနတစ်ခုခြင်းစီအလိုက် စာတွေ့ လက်တွေ့လေ့ကျင့် သရုပ်ပြသမှုများ၊ ဓာတ်ခွဲစမ်းသပ်ခန်းများ၊ ဆေးပညာရပ် ဆိုင်ရာလေ့ကျင့်သင်ကြားပေးနေမှုများ၊ နျူကလီးယား စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ပေးစက်ရုံတည်ဆောက်ပုံအဆင့်ဆင့်အား 3D နည်းပညာဖြင့် ရှင်းလင်းပြသမှုများအား လိုက်လံကြည့်ရှုလေ့လာကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ် ရှင်းလင်း ပြသကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ ဉီးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ကာလုကာခရိုင်ရှိ ကမ္ဘာ့ပထမဆုံး နျူကလီးယားဓာတ်အား ပေးစက်ရုံ Obninsk Nuclear Power Plant အား သွားရောက် ကြည်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ Obninsk Nuclear Power Plant သည် ၁၉၅၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် စက်ရုံစတင်လည်ပါတ်ခဲ့သည်။ 6 MW တပ်ဆင်အင်အားရှိသည့်စက်ရုံမှ ၁၉၅၄ ခုနှစ်တွင် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ပြီး စတင်ဓာတ်အားဖြန့်ဖြူးခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ဓာတ်အားပေးစက်ရုံကို ဓာတ်အားထုတ်လုပ်ခြင်းအား ရပ်ဆိုင်းထားပြီး ပြန်လည်မွန်မံခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ နှစ်ပေါင်း ၄၈ နှစ်ကြာသည့်တိုင်အောင် လည်ပတ်မောင်း နှင်ခဲ့ရာတွင် မည်သည့်ထိခိုက်မှုတစ်စုံတရာမျှမရှိဘဲ နိုင်ငံတကာမှ အလေးထား လာရောက် လေ့လာနေရသည့် စက်ရုံတစ်ခုလည်းဖြစ်သည်။ ယခုအခါတွင် စက်ရုံအား ပြတိုက်အဖြစ်ဆောင်ရွက်ထားရှိပြီး Hight Power Channel Type Reactor သုံး ဓာတ်အားပေးစက်ရုံအမျိုးအစားဖြစ်ကြောင်းသိရှိရသည်။