တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းမှ ရဲဗလတံဆိပ်ချီးမြှင့်အပ်နှင်းခြင်းခံရသူ များအား ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းမှ ရဲဗလတံဆိပ်ချီးမြှင့်အပ်နှင်းခြင်းခံရသူ များအား ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်

နေပြည်တော်၊ နိုဝင်ဘာ - ၁၆

        တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ကောင်းရာကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင် ခဲ့ကြသူများအား ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းကို ယနေ့နံနက် ပိုင်းတွင် မြိတ်မြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမြတ်ကို၊ ကမ်းရိုးဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရဲဗလတံဆိပ် ချီးမြှင့်ခြင်းခံရသူများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းခံရသူများအား ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား အသီးသီး ပေးအပ်ချီးမြှင့်ရာ မိဘဆွေမျိုးများက လက်ခံရယူခဲ့ကြပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တိုင်းမှူးတို့က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။