ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်  နှင့် ဒေါက်တာမျိူးသိန်းကျော် တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ မော်စကိုမြို့ရှိ   Rosatom လက်အောက်ရှိ (Electric Vehicles and Energy  Storage Systems ) Battery ထုပ်လုပ်သည့် RENERA ကုမ္ပဏီသို့ သွားရောက်လေ့လာ

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်  နှင့် ဒေါက်တာမျိူးသိန်းကျော် တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ မော်စကိုမြို့ရှိ   Rosatom လက်အောက်ရှိ (Electric Vehicles and Energy  Storage Systems ) Battery ထုပ်လုပ်သည့် RENERA ကုမ္ပဏီသို့ သွားရောက်လေ့လာ

နေပြည်တော်၊ နိုဝင်ဘာ   ၁၇

    ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တို့ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးလွင်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် နိူဝင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ  Rosatom လက်အောက်ရှိ (Electric Vehicles and Energy  Storage Systems ) Battery ထုပ်လုပ်သည့် RENERA ကုမ္ပဏီသို့ သွားရောက် လေ့လာကြသည်။

       ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် ဒေါက်တာမျိုးသိန်းကျော်  တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Rosatom လက်အောက်ရှိ (Electric Vehicles and Energy  Storage Systems ) Battery ထုပ်လုပ်သည့် RENERA ကုမ္ပဏီမှ ထုတ်လုပ်ထားသော Enrergy Storage System (Commercial power management modula) များအားကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များအား အသေးစိတ် မေးမြန်း ကြသည်။

    ထို့နောက် အစည်းဝေးခန်းမတွင် Director of Business Development ဖြစ်သူ Natalia G. Leonteva  က စက်ရုံ၏ သမိုင်းအကျဉ်း၊ ပြည်ပနိုင်ငံမျာနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ Lithiun Iron အားအခြေခံ၍  Battery ထုတ်လုပ် ဆောင်ရွက်နေမှုများ၊ စက်ရုံအနေဖြင့် လျှပ်စစ်မော်တော်ကားများ တိုးချဲ့ ထုတ်လုပ်ရန် စီစဉ်ထားရှိမှုများ၊ ၂၀၂၄ ခုနှစ်တွင် 4 GW အထိ ထုတ်လုပ်ရန် ရည်ရွယ် ဆောင်ရွက် နေမှုများ၊ စက်ရုံများမှ ထုတ်လုပ်လျက်ရှိသည့် Battery များအား အသုံးပြုနေမှု ဆိုင်ရာများ၊   Battery များ၏ စွမ်းအင်သိုလှောင် သိမ်းဆည်းမှုနှင့် လုံခြုံ စိတ်ချမှု ပိုင်းဆိုင်ရာများ၊  နေရောင်ခြည်စွမ်းအင်နှင့် လေအားလျှပ်စစ် စသည်တို့မှ ရရှိသည့် လျှပ်စစ်ဓာတ်အားများအား Energy Storage System (ESS) ဖြင့် တွဲဖက်အသုံးပြုမှု စနစ်များ၊ ESS များ၏ စွမ်းဆောင်နိုင်မှုအရ ဓာတ်အားအများအပြား အသုံးပြု ဆောင်ရွက်နေသော စက်ရုံအလုပ်ရုံများတွင် စွမ်းအင်အားအကျိုးရှိစွာ အသုံးပြုနိုင်မှုနှင့် တည်ငြိမ်စွာ အသုံးပြုနိုင်မှုများ၊ စက်ရုံထုတ် Battery များဖြင့်  စက်မှုလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊  လျှပ်စစ်ကားများ စသည်တို့၌ တွင်ကျယ်စွာ အသုံးပြုလျှက် ရှိသည့် အခြေအနေများအား  ပါဝါပွိုင်များဖြင့် ရှင်းလင်းတင်ပြသည်။

    ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးများက ယခုကဲ့သို့ အလေး ထား ရှင်းလင်းပြောကြားမှုများအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြန်လည် ပြောကြားပြီး  မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်လျက်ရှိသည့်   လျှပ်စစ်ပိုင်းဆိုင်ရာများနှင့် စက်မှုလုပ်ငန်းများတွင် လာရောက်ပူးပေါင်းဆောင်ရွက် နိုင်ရေးနှင့် ရင်းနှီးမြုပ်နှံနိုင်မှုဆိုင်ရာကိစ္စရပ်များ အပါအဝင် အခြားကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးကြသည်။

    မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအပိုင်းတွင် Renewable Energy အဖြစ် ထပ်မံတိုးချဲ့ ဆောင်ရွက်လျက်ရှိသော နေရောင်ခြည်နှင့် လေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံများအတွက် နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် ဓာတ်အားတည်ငြိမ်စွာ ဖြန့်ဖြူးဆောင်ရွက်ရာတွင် Lithiun Iron  ကို အခြေခံ၍ ဆောင်ရွက်ထားသော Energy Storage Systems(ESS) မှာ အထူးလိုအပ်သော စနစ်တစ်ခုဖြစ်သည်။ ထို့ပြင် နိုင်ငံတောင်၏ ရည်မှန်းချက် ဖြစ်သော လျှပ်စစ်သုံး မော်တော်ယာဉ်များ (Electric Vehicles – EV) အသုံးပြု ဆောင်ရွက်နိုင်ရေးတွင်လည်း မော်တော်ယာဉ်၏ အဓိက အစိတ်အပိုင်းဖြစ်သော Battery မှာ  Lithiun Iron  ဖြင့်ဆောင်ရွက်ခြင်းဖြင့် Battery ၏ သက်တမ်းနှင့် စွမ်းဆောင်နိုင်မှုမှာ များစွာမြင့်မားကြောင်း သိရှိရသဖြင့်  ရုရှား- မြန်မာ နှစ်နိုင်ငံ လျှပ်စစ်စွမ်းအင်ကဏ္ဍ၌ ချစ်ကြည်ရင်းနှီးစွာပူးပေါင်း ဆောင်ရွက်ရာတွင်များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရသည်။

  ယင်းနောက် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဒေသစံတော်ချိန် နေ့လယ်ပိုင်း တွင်  Leningradskiy မီးရထားဘူတာရုံမှ တဆင့် Speed train 772 A အမြန် ရထားဖြင့် Saint Petersburg သို့ ဆက်လက် ထွက်ခွာခဲ့ကြကြောင်း သတင်းရရှိသည်။