(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဆုပေးပွဲကျင်းပ

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဆုပေးပွဲကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ - ၁၇       

    (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  အထိမ်းအမှတ် ကျောင်းပေါင်းစုံ အမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပြည်နယ် အားကစားကွင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင် ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆရာ၊ ဆရာမများနှင့် ပြိုင်ပွဲဝင်အားကစား သမားများ တက်ရောက်ကြသည်။

      ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြေးခုန်ပစ်အားကစား အမျိုး အစားအလိုက် ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အားကစားအမျိုးအစားအလိုက် အမျိုးသား၊ အမျိုးသမီး စုပေါင်းတံခွန်စိုက်ဒိုင်း ရရှိသွားသော အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းအသင်းအား လည်းကောင်း၊ ပြေးခုန်ပစ် အားကစား အမျိုးအစား လိုက် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသွားသော အားကစားသမားများကိုလည်း ကောင်း တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

      အဆိုပါ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျောင်းပေါင်း စုံ  အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲအား အားကစားအမျိုးအစား ၇ မျိုးဖြင့် ယှဉ်ပြိုင်ကစားကြပြီး ကျိုင်းတုံမြို့နယ်မှ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း ၂၀ ကျောင်း ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သတင်းရရှိ သည်။