နေပြည်တော် အောက်တိုဘာ ၂၁
ပည်ထောင်စုရှေ့နေချုပ်ရုံးနှင့့် USAID၊ PRLM တို့ ပူးပေါင်းဆောင်ရွက်သည့် ရှေ့ပြေးဥပဒေရုံး ၁၀ ရုံး တိုးချဲ့ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦးက တရားဥပဒေစိုးမိုးရေး ကဏ္ဍ၌ ရှေ့ပြေးဥပဒေရုံးများ ဖွင့်လှစ်နိုင်ခြင်း၏ အရေးပါမှု၊ တရားခွင်အကြို တွေ့ဆုံမေးမြန်းခြင်း ဆိုင်ရာလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး USAID နှင့် PRLM မှ တာဝန်ရှိသူများက တိုးချဲ့ဖွင့်လှစ်မည့် ရှေ့ပြေးဥပဒေ ရုံးများတွင် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၊ တိုးချဲ့မည့် ခရိုင်ဥပဒေရုံးများမှ ဥပဒေအရာရှိများနှင့့် USAID၊ PRLM မှ တာဝန်ရှိသူများ ပါဝင် ဆွေးနွေးကြကြောင်း သိရသည်။