လင်းခေးမြို့၊ လဲချားမြို့၊ ကာလိမြို့နှင့် ဟိုမိန်းမြို့များရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော်၊ နိုဝင်ဘာ - ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့၊ လဲချားမြို့၊ ကာလိမြို့နှင့် ဟိုမိန်းမြို့ များရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း က ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ခရေ ရိပ်သာ၌ တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။